"အမတ်ချုပ်ကြီး အပြင်မှာ သတင်းတွေ ပျံ့နေတယ် မမ
လေးဆိုဟယ် ပျောက်နေတယ်... သခင်လေးဒုံဟိုက
လည်း မိန်းကလေးတစ်ယောက်နဲ့ ပျော်ပါးနေတယ်လို့...""...သတင်းဖြန့်တဲ့လူက ဘယ်သူလဲ စုံစမ်း... ပြီးရင်
လက်စဖျောက်ပစ်လိုက်...""ဒါပေမယ့် ဆိုဟယ်ပျောက်နေတာ အကြာကြီး ဖုံးထားနိုင်
မယ်မထင်ဘူး... မင်္ဂလာပွဲလုပ်ရမယ့်နေ့မှာ သတို့သမီးကလည်း မရှိ... သတို့သားကလည်း မရှိနဲ့...
အကုန်လုံး သံသယဝင်နေကြတယ်ဗျ...""ယူဂျင်းနဲ့ ပတ်သက်ပြီးတော့ ဘာထူးသေးလဲ... သူတို့ စခန်းကို ရှာတွေ့ပြီလား...ပုန်ကန်မှုနဲ့
ပတ်သက်တဲ့လူတွေအကုန် ရှင်းပစ်လိုက်ပြီးပြီကို...
ဒီကောင်က သူတို့နဲ့ ပတ်သက်နေလောက်တယ် အဲ့ဒီ
တုန်းက အသက်ရှင် ကျန်ခဲ့တဲ့ သူရှိမရှိ စုံစမ်းလိုက်...""အမိန့်အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်..."
အမတ်ချုပ်ကြီးရဲ့ မျက်နှာက ပုံမှန်ထက်ပို၍ ခက်ထန်နေသည်... ဘယ်ကမှန်းမသိတဲ့ ဓားပြတစ်ယောက်ဆီက
ခြိမ်းခြောက်ခံနေရတာကို သူခံပြင်းနေမိသည်... မိသွားလို့ကတော့ အမှုန့်ကြိတ်ပစ်မယ်လို့ ကြုံးဝါးနေမိသည်... ဒီထက် စိုးရိမ်စရာရှိတာက ဆိုဟယ့်အဖေ... သူက သမီး
ဇောနဲ့ ဒီကောင်တွေ လိုချင်တာကို လိုက်လုပ်ပေးနေရင်
ပြဿနာတက်နိုင်တယ်... ဒီတော့ ဆိုဟယ့်အဖေကို စာကိစ္စ လုံးဝ မဟဖို့ သူ့နောက်လိုက် အမတ်တွေကို မှာကြားထား၏... ဒါ့အပြင် အမတ်ချုပ်ကြီးက အင်မတန် ဉာဏ်နီဉာဏ်နက်များတဲ့လူ... ယူဂျင်းရဲ့ နောက်ခြေလှမ်းကို သူတွက်ဆထားသည်... ဒါကြောင့် တရားရေးရာအမတ်ကြီးရဲ့ အိမ်တော်အနီးမှာ လျှို့ဝှက် ကင်းပုန်းတွေ ချထားသည်
သူက စာကို ဘာမှ မတုံ့ပြန်ရင် ယူဂျင်းကိုယ်တိုင် သူ့ဆီလာရင်လာ... မလာရင် ဆိုဟယ့်အဖေဆီကို သွားပြီး သမီးနဲ့ မြားကာ သူလိုချင်ရအောင် ကြံလိမ့်မည်ဟု တွက်
ဆထား၏...နောက်တစ်ခု သူပူနေရတာက ဒုံဟို... အမတ်ကြီး
ကတော်ဆီက သူကြားရသလောက်... သူ့သားက မိန်းကလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး သွားလာနေတယ်ဆိုပဲ... "သားမိုက်"... ဒီလောက် ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အချိန်မှာ သူက အပြင်မှာ ပျော်ပါးနေတယ်... လောလောဆယ်တော့ စောင့်ကြည့်ဦးမယ်... သူ့ဘာသာ အသိစိတ်
မဝင်လာရင်တော့ အမတ်ချုပ်ကြီးကိုယ်တိုင် ဝင်ပါတော့မယ်လို့ ဆုံးဖြတ်ထားလေသည်...
KAMU SEDANG MEMBACA
My Beautiful Mistake (Myanmar Fiction)
Fiksi Penggemarဂျိုဆွန်းခေတ်တစ်ခေတ်ကို အခြေပြုပြီး စိတ်ကူးယဉ် ရေးဖွဲ့ထားတဲ့ အတ္တ လောဘနဲ့ လက်စားချေမှုကြားက လူငယ် ၄ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် #Pictures from Twelve nights Webtoon