part 13*

779 49 0
                                    

မနက်ခင်းရဲ့ အလင်းဓာတ်က တောပုန်းစခန်းလေးအပေါ်မှာ ကျရောက်နေပြီ... စခန်းထဲမှာ အားလုံး ကိုယ်စီ
အလုပ်လုပ်နေကြသည်... ဆိုဟယ်ကတော့ ယူဂျင်းနဲ့ ပိုပို
ပြီး ရင်းနှီးလာတာနဲ့အမျှ စခန်းထဲမှာ ကြိုက်သလို သွားလာနိုင်နေသည်... သူ့နောက်က တကောက်ကောက်
လိုက်နေတဲ့ ဓားပြတစ်ယောက်တော့ ပါတာပေါ့... မနေ့ညက ကြားခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆိုဟယ်
တစ်ညလုံး အိပ်မရခဲ့... ဒုံဟိုကို စိတ်နာသလို သူ့ကို ဒီလိုလုပ်ရက်ရလားလို့လည်း ယူကြုံးမရ ဖြစ်နေမိတယ်... အဲ့လိုဖြစ်လေလေ အခန်းထဲမှာ ပိတ်ခံထားရတဲ့ ဂါယောင်းကို ပိုပြီး မုန်းမိလေလေပေါ့...
"ဟုန်းဂါယောင်း... နင့်လိုအမျိုးနိမ့်ကများ... ငါ့နေရာကို လုရဲတယ်... ငါမရှိတာကို အခွင့်ကောင်းယူပြီး ဒုံဟိုနဲ့
နီးစပ်အောင် နေရဲတယ်ပေါ့... နင် ငါ့အပေါ်ကို အမှားကြီး မှားသွားပြီ..."

ဆိုဟယ့်မျက်ဝန်းက မီးဟုန်းဟုန်းတောက်လောင်နေ
သယောင်... အံကိုကြိတ်ပြီး ဂါယောင်းကို ပိတ်ထားတဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်... ဂါယောင်းက တံခါးဝမှာ ပေါ်လာမယ့်သူကို မျှော်လင့်တကြီး ကြည့်နေမိတယ်... ဒါပေမယ့် ဝင်လာသူက ယူဂျင်းမဟုတ်ခဲ့ဘူး... သူမ
မျှော်လင့်ချက် တစ်ဝက်လောက် လျော့သွားတာကို
မျက်လုံးတွေမှာ ပေါ်လွင်နေတော့တယ်...

"ဘာလဲ... ဟုန်းဂါယောင်း... နင်စောင့်နေတဲ့သူ
မဟုတ်လို့ စိတ်ပျက်သွားတာလား"

"ဆို... ဆိုဟယ်!!!"

ဆိုဟယ်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ကြိုးချည်ခံထားရတဲ့ ဂါယောင်းလက်ကို လှမ်းကြည့်လိုက်တယ်...
"အဖမ်းခံရတာချင်း တူတူ ဆက်ဆံခံရပုံကတော့ ကွာတာပဲ... နင်နဲ့ငါနဲ့က အများကြီး ကွာခြားတယ်... ဘာလို့
ငါ့နေရာကို မတန်မဆ မက်မောနေတာလဲ
ဟုန်းဂါယောင်း"

"နင် ဘာတွေပြောနေတာလဲ... ငါက ဘာလို့ နင့်နေရာကို..."

ဂါယောင်း စကားဆက်မပြောနိုင်ဖြစ်သွားမိသည်...
အကြောင်းကတော့ သူမ မသိလိုက်ခင်မှာပဲ ဒုံဟိုကို
စိတ်ဝင်စားသွားမိတာကိုး...

"ဟမ့်... ဘာလဲ နင်မငြင်းနိုင်တော့ဘူးမလား... ဒါပေမယ့် ဘယ်လိုလုပ်မလဲ... ဒုံဟိုက သူလိုချင်တာ ရှိလို့ နင့်ကို အသုံးချနေတာ... သူက အဲ့ဒီလိုပဲ... သူလိုချင်တာရှိရင် သတို့သမီးလောင်းကိုတောင် သတ်ဖို့ အမိန့်ပေးတတ်တဲ့ လူမျိုး..."

My Beautiful Mistake (Myanmar Fiction) Donde viven las historias. Descúbrelo ahora