part 24***

1.2K 44 0
                                    

"အ..."

"လက်နက်ချလိုက်တော့ ဟွမ်းဒုံဟို..."

ဒုံဟိုက အသံလာရာသို့ ကြည့်လိုက်သည်... ဂါယောင်းလည်ပင်းကို လူတစ်ယောက်က ဓားနှင့် ချိန်ရွယ်ထားပြီး ထိုလူ့ဘေးတွင် ဆွန်းဝူက ရပ်လျက်ရှိ၏... ဒုံဟို၏ ဓားကိုင်ထားသော လက်သည် တဆတ်ဆတ် တုန်ယင်လာပြီး နှလုံးခုန်များ ရပ်မတတ်ပင် ဖြစ်သွား၏... အသက်ရှူဖို့ကိုလည်း မေ့လျော့သွားပြီး ဂါယောင်းအား စိုးရိမ်တကြီး ကြည့်နေမိသည်...

"မလုပ်နဲ့... ဒုံဟို... ဓားကို မချလိုက်နဲ့... ကျွန်မကိုပြောခဲ့သလိုပဲ ရှင်... နောက်လှည့်မကြည့်ပါနဲ့..."

"ပါးစပ်ပိတ်ထားစမ်း..."

ဆွန်းဝူက ဂါယောင်းကို ဟောက်လိုက်သောကြောင့် သူ့လူက ဂါယောင်းလည်ပင်းကို ရွယ်ထားသော ဓားအားပို၍ တင်းကျပ်စွာ ကိုင်လိုက်သည်... သူမ လည်ပင်းမှ
စီးကျလာသော သွေးစက်တို့အား ဒုံဟို လှမ်းမြင်နေရသည်..

"ကဲ... ဟွမ်းဒုံဟို ဒီကောင်မကို အသေခံမလား မင်း ဓားကို... ချမလား... ဟမ်"

ဒုံဟိုက သူ့အား ရိသဲ့သဲ့ လှမ်းပြောနေသော ဆွန်းဝူအား တစ်လှည့်... ဂါယောင်းကိုတစ်လှည့် ကြည့်ပြီး လက်ထဲရှိ ဓားကို မျက်စိစုံမှိတ်၍ လွှတ်ချလိုက်၏...

"မလုပ်နဲ့...!!!"

ဒုံဟို ဓားချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နောက်ရှိ လူများက ဓားနှင့် ပြေးပြီး ခုတ်ကြသောကြောင့် ဂါယောင်းက ငယ်သံပါအောင် အော်လိုက်သည်... ဓားချက်များက ဒုံဟို့ ခြေထောက်... ကျောပြင်... လက်မောင်း... သူ့တစ်ကိုယ်လုံးအနှံ့ ကျရောက်ပြီး မြေပြင်သို့ ဒူးထောက်လျက် ပုံကျသွား၏... သူ့အကြည့်များကတော့ ဂါယောင်းဆီက မလွှဲချေ... သူ့အား ကြေကွဲဝမ်းနည်းဖွယ် ကြည့်နေသောဂါယောင်း၏ မျက်ရည်များစီးကျနေသည့် မျက်နှာလေးကို သူ ငေးကြည့်နေမိသည်... ဂါယောင်းနှုတ်က အော်ပြောသော စကားလုံးများကိုမူ သူ သေချာစွာ မကြားနိုင်တော့ချေ... ထိုစဉ် ဆွန်းဝူက ဒုံဟို့အနားသို့ ချည်းကပ်သွားပြီး နှလုံးတည့်တည့်ကို ဓားနှင့် စိုက်လိုက်၏...

My Beautiful Mistake (Myanmar Fiction) Donde viven las historias. Descúbrelo ahora