part 9*

960 48 0
                                    

ခေါင်းဆောင် ပြန်ရောက်လာပြီလား...

"အင်း... ငါးစာတော့ ချပေးလိုက်ပြီ... ကျန်တာက တရား
ရေးရာအမတ်ကြီးအပေါ်မှာပဲ မူတည်တယ်... "

"ဒါနဲ့လေ... ဆိုဟယ့်ကို လုပ်ကြံတဲ့သူက ဒုံဟို့လူဆိုတာကိုရော ပြောပြခဲ့တာလား..."

"အင်း... သွယ်ဝိုက်သောနည်းနဲ့ပေါ့... အမတ်ကြီးကယလည်း နိုင်ငံတော်ပုန်ကန်မှု ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သူလေ... သူလွယ်လွယ်နဲ့ အမတ်ချုပ်ကြီးကို သစ္စာ
ဖောက်မှာတော့ မဟုတ်ဘူး... "

ဆိုဟယ် ဒီနေ့ စိတ်ရွှင်နေသည်... နေ့လယ်က သူ့ကို ထမင်းလာပေးတဲ့ ဓားပြပြောပုံအရဆို ယူဂျင်းက ဒီနေ့
ဟန်ယန်းကို သွားမယ်တဲ့... ဒါဆို အမတ်ချုပ်ကြီးနဲ့
အပေးအယူ သွားလုပ်တာဖြစ်ရမယ်... ယူဂျင်း ပြန်လာရင် သတင်းကောင်းပါလာနိုင်တယ်... ပျော်လိုက်တာ ငါအိမ်
ပြန်ခွင့်ရတော့မယ်... ဒါပေမယ့်... သူမ စိတ်ထဲ ဝမ်းနည်း သလိုလိုတော့ ရှိသား... ဘာလို့လဲ... ဒီဓားပြတွေက သူ့ကို ဖမ်းထားပေမယ့် ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်လေ... "သူတို့ကို သံ​ယောဇဉ်​ ဖြစ်နေလို့ပါ... ဟုတ်
တယ် အဲ့ဒါကြောင့်ပါ... ယူဂျင်းကြောင့် မဟုတ်ဘူး..." သူမ စောင့်နေစဉ် ယူဂျင်း ပြန်လာပြီလို့ အပြင်က ပြောသံ ကြားလိုက်ရသည်

"ဟေ့... ကျွန်မ ယူဂျင်းဆီ သွားချင်လို့... စိတ်ချပါ
ထွက်မပြေးဘူး..."
အစောင့်ကလည်း ဆိုဟယ့်မျက်နှာကြည့်ရတာ ညာပြော
နေပုံမရ... သူခေါင်းဆောင်ကြီးနဲ့ အရေးတကြီး ပြောစရာ ရှိလို့နေလိမ့်မယ်ပေါ့ဆိုပြီး ယူဂျင်းဆီသို့ လိုက်ပို့ပေး
သည်...

ဆိုဟယ်က ယူဂျင်းတို့ အစည်းအဝေးလုပ်နေတဲ့
အခန်းရှေ့သို့ ရောက်လာသည်... အထဲမှာ စကားပြောသံ
ကြားနေရသည်... သူမအဖေ အကြောင်း ပြောသံ
ကြားလိုက်ရတော့ သူမခြေလှမ်းများက တံခါးရှေ့မှာ
ရပ်တန့်သွားသည်... သူမ နားကိုတောင် သူမ မယုံနိုင်ဖြစ်
သွားသည်... ဒုံဟိုက သူ့ကို လုပ်ကြံတာတဲ့... ပြီးတော့
ပုန်ကန်မှု... ဘာတွေလဲ...

ဝုန်း...
"ရှင်အခု ဘာတွေပြောနေတာလဲ..."

"ဆိုဟယ်!!!"

ယူဂျင်းမျက်နှာမှာ စိုးရိမ်မှုများ ဖုံးလွှမ်းနေသည်... သူမကို ဘယ်လိုဖြေရှင်းချက် ပေးရမလဲ သူစဉ်းစား၍ မရနိုင်... တွေဝေနေတုန်းမှာပဲ ဆိုဟယ်က ထွက်ပြေးသွားသည်... သူအပြင်သို့ အသည်းအသန် ပြေးလိုက်ပြီး ဆိုဟယ့်လက်
ကို ဖမ်းဆွဲလိုက်သည်... သို့သော် ဆိုဟယ်က သူ့လက်ကို ခါချလိုက်ပြီး နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသောမျက်ဝန်းအစုံဖြင့် စူးစိုက် ကြည့်လိုက်သည်... အမှန်တော့ ဆိုဟယ်ကိုယ်တိုင်လည်း ယူဂျင်းကို သဲကွဲစွာ မမြင်ရပါ... သူမမျက်လုံးများမှာ မျက်ရည်များ စို့တက်နေသောကြောင့် ဖြစ်သည်...

My Beautiful Mistake (Myanmar Fiction) Donde viven las historias. Descúbrelo ahora