part 25*

2.1K 100 10
                                    

ရာသီဥတုသည် ယခင်နေ့များထက် ပို၍ သိသာစွာ ကြည်လင်နေ၏... ဟန်ယန်းမြို့ကြီးသည် ပို၍ သာယာ အေးချမ်းလာပုံပေါ်သည်... မကြာခင်က နိုင်ငံတော် တစ်ခုလုံး ဂယက်ရိုက်စေခဲ့သော ကိစ္စရပ်ကြီးများ ပေါ်လာခဲ့သည်ဟုပင် မထင်ရလောက်အောင် သာယာနေပေသည်...
မသမာသူ လူတစ်စုအား သူတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီးချိန်တွင် ပြည်သူပြည်သားများက
မင်းကြီးအား ပိုမို ကြည်ညိုလေးစားလာခဲ့ကြသည်... တိုင်းပြည်တစ်ဝန်းတွင် မင်းကြီး၏ အာဏာ ပိုမို တန်ခိုး ကြီးထွားလာပေသည်...

"အရှင်မင်းကြီး... ဂါယောင်း မင်းသမီး အခစား ဝင်လာပါတယ်..."

"ဝင်လာခိုင်းလိုက်ပါ..."

မင်းကြီးက ဂါယောင်းအား သူ၏ သွေးသား ဝမ်းကွဲ ညီမလေးအဖြစ် ဝမ်းသာရွှင်ပြစွာ ကြိုဆိုလေသည်...

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဟိုတစ်နေ့က မင်းကြီးရဲ့ ကမ်းလှမ်းမှုကို  အကြောင်းပြန်ဖို့ လာခဲ့တာပါ... "

မင်းကြီးက မျှော်လင့်ချက်အပြည့်နှင့် ဂါယောင်းဆီမှ
အဖြေစကားကို စောင့်မျှော်နေသည်...

"ကျွန်တော်မျိုးမ မင်းသမီး အဆောင်အယောင်တွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ငြင်းပယ်ပါရစေ... ဒီအတိုင်း သာမန် ကုန်သည်လေး ဟုန်းဂါယောင်းအဖြစ်နဲ့ပဲ အေးအေးချမ်းချမ်း နေလိုတဲ့ ဆန္ဒရှိပါတယ်..."

မင်းကြီးမှာ မမျှော်လင့်ထားသော အဖြေကြောင့် စိတ်အိုက်သွားပုံပေါ်သည်...

"ဟင်း... ဘယ်တတ်နိုင်ပါ့မလဲ မင်းသဘောက ဒီလိုဆိုတော့... အကူအညီလိုရင် အချိန်မရွေး လာခဲ့ပါ... ညီမလေး ဂါယောင်း..."

နန်းတော်ထဲသို့ အခစား ဝင်သွားသော ဂါယောင်းပြန်အလာကို ကုန်သည်ကြီး ရင်တမမနှင့် စောင့်နေသည်... နီတာရဲ ကလေးလေး ဘဝကတည်းက သမီးအရင်းသဖွယ် စောင့်ရှောက်ခဲ့ရသော ကလေးကို သူ့နေရာသူ ပြန်ပို့ပေးရမယ့် တာဝန်ရှိပေမယ့် သူ့သမီးလေးအရင်းလို ချစ်မြတ်နိုးတာမို့ ပြန်မလာတော့မှာကို စိုးရိမ်နေ၏... ထိုစဉ် ဂါယောင်းက သူ့ဆီသို့ အပြေးရောက်လာသည်ကို မြင်လိုက်ရသည်...

My Beautiful Mistake (Myanmar Fiction) Dove le storie prendono vita. Scoprilo ora