part 20*

723 41 0
                                    

"ယူ... ယူဂျင်း ရှင်က ဘယ်လိုလုပ် ဒီကို..."

"ငါ မင်းအဖေကို လာတွေ့တာ... ဒုံဟိုဆီက ကြားတယ် အမတ်ချုပ်ကြီးက မင်းအဖေကို ရန်ပြုနေတယ်ဆို..."

"ဟုတ်တယ်... ယူဂျင်း ရှင် ကျွန်မအဖေကို ကယ်ပေးပါ... အဖေ ရှင်တို့အပေါ်မှာ လုပ်ခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ အစား ဆပ်ပေးပါ့မယ်..."

"ရှူး... တိုးတိုး ဆိုဟယ် ... မငိုနဲ့... စိတ်ချပါ... ငါလိုချင်တာ အမှန်တရားပါ... လူတွေကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး..."

ဆိုဝယ် မျက်ရည်များ ဝေ့ဝဲနေသော သူမရဲ့ မျက်လုံးအိမ်မှတစ်ဆင့် ယူဂျင်းရဲ့ တည်ကြည်သော မျက်နှာထားကို ဝိုးတဝါး တွေ့နေရသည်... သူမ မျက်နှာလေး ပြုံးယောင်သမ်းလာ၏...

" ငါ မင်းအဖေကို သွားတွေ့လိုက်မယ်... မင်းလည်း ကိုယ့်​ကိုယ်​ကို ဂရုစိုက်ပါ..."

လှည့်ထွက်သွားသော ယူဂျင်းရဲ့ လက်ကို ဆိုဟယ် ဖမ်းဆွဲလိုက်သည်... သူမကိုယ်တိုင်လည်း ဘာလုပ်လို့ လုပ်လိုက်မိမှန်း မသိ... ယူဂျင်းက သူမကို အံ့ဩသော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်... သို့သော် သူမပါးစပ်က ထွက်လာသော စကားများကြောင့် ယူဂျင်းပို၍ တအံ့တဩ ဖြစ်သွားမိ၏...

"ရှင့်ကို သတိရနေခဲ့တာ... "

ယူဂျင်းက သူ့လက်ကို ဖမ်းဆွဲထားသော ဆိုဟယ့်လက်နုနုကလေးများကို အသာအယာ ဆုပ်ကိုင်လိုက်သည်...

"ငါလည်း မင်းကို သတိရနေတာပါ..."

ထိုစဉ် သူတို့ ၂ယောက်လုံး တစ်ခါမှ မဖြစ်ပေါ်ဖူးသော ခံစားချက်တို့ အသက်ဝင်လာ၏... ထိုခံစားချက်သည် အချစ်သာ ဖြစ်မည်ဆိုလျှင် ဟုတ်ပါသည်... သူတို့၂ဦး ချစ်မိနေပါပြီ...

နောက်တစ်နေ့တွင်...

"ဟားဟား... ဒုံဟို... နန်းတော်ထဲကို သိပ်မလာတတ်တဲ့သူက ဘယ်လိုလုပ် ကိုယ်တော့်ကို လာတွေ့ရတာလဲ..."

"အော်... မင်းကြီးကို မတွေ့တာ ကြာလို့ပါ... မင်းကြီးနဲ့လည်း တောလိုက်မထွက်ဖြစ်တာ ကြာပြီမို့လို့လေ..."

"အေးကွာ... ကိုယ်တော်လည်း အခုတလော တောလိုက် ထွက်ချင်နေတာ..."

My Beautiful Mistake (Myanmar Fiction) Donde viven las historias. Descúbrelo ahora