(Zawgyi)
"Ai'krist မင်းကို မင်းမာမီက အခေါ်တော် လွှတ်လိုက်တယ်"
"ဘာလည်းကွာ ဒီမှာ အေးဆေးနေချင်ပါတယ်ဆို ဒုက္ခပဲ"
"အေး အဲ့ဒုက္ခက နောက်မှညီး အခု ငါနဲ့အရင်လိုက်ခဲ့"
"ငါ့မာမီကြီးက ဘာကိစ္စနဲ့ အခေါ်တော် လွှတ်လိုက်တာလည်း ငါသိချင်တယ်"
မလိုက်ဘဲ ပေကပ်ကပ်လုပ်ကာ ဈေးဆစ်နေသည့် krist ကို စိတ်မရှည်သည့်အဆုံး
"ပြောလို့ဆိုလို့ မရတဲ့ကောင် လိုက်မှာဖြင့် မလိုက်ဘဲ ကဲဟာ.."
ထိုသို့ပင် Taytawan ကတော့ krist နားရွက်ကို အပီပြင် ကျွေးပြီး သူ့ရဲ့ မနေ့တနေ့ကမှ ဝယ်ယူထားတဲ့ အသစ်စက်စက် ကားလေးအပေါ် ရည်းစားတောင် မတင်ရသေးဘဲ တကောင့်သားကို အပါခေါ်လာခဲ့ရသည်
Krist တစ်ယောက် သူ့ရဲ့ တည်ငြိမ်နေတဲ့ ဘဝကို နှောင့်ယှက်နေတာ တော်တော်များနေပြီ
ငယ်ကတည်းက ပေါင်းသင်းလာသည်မို့ krist အမေဖြစ်သူကလည်း အကူညီတောင်းရင် သားလေး tay ဆိုပြီး အစချီမြဲ ဖြစ်သဖြင့် krist နဲ့ သူ့မာမီကြား သူဝင်ပါခဲ့ရတာ အတော်ပင်ကြာခဲ့ပြီ...
ငယ်ငယ်တည်းက ပေါင်းသင်းလာသည်ဆိုလို့ ပေါက်စအရွယ်ကတည်းက မဟုတ်ပါ
အထက်တန်းမှသာ ပေါင်းဖြစ်ကြသည်ကို ကြီးကြီးကျယ်ကျယ် ထိုစကားလုံး သုံးခြင်းအပေါ် အများက ငယ်ပေါင်းဆွေလို ခင်ကြတယ် ထင်ကြသေးတယ်ကားထဲမှာ ပါလာတဲ့ krist ကတော့ မျက်စောင်းတထိုးထိုးဖြင့် ပါးစပ်ကလည်း အငြိမ်မနေ
လက်ကို ပိုက်ထားပြီး မြင်မြင်သမျှ ပက်ရမ်းနေတော့ လမ်းသွားလမ်းလာများရဲ့ အဆဲကို tay က ခံရသေးသည်
တော်တော် ဒုက္ခပေးတဲ့ ဂြိုလ်ဆိုးကောင်
"ဟေ့ရောင် Ai'tay ငါ့မာမီကြီးက ဘာကိစ္စ ခေါ်ခိုင်းတာလည်း"
"ရောက်ရင် သိမယ်ကွာ
အခုပါးစပ်ပိတ် နားညီးတယ်""မင်း ငါ့ကို တကယ် မပြောပြဘူးဆိုတာ သေချာလား"
YOU ARE READING
Parasite (completed) _Z+U_
Fanfictionခင်ဗျားကြီးမရှိလို့ မဖြစ်ပါဘူးဆိုပြီး parasiteလို အပြီပင် ကပ်နေတဲ့ krist တစ်ယောက်ကြောင့် ခံစားချက် မဲ့တဲ့ အေးစက်စက် ရေခဲတုံးကြီး singto ရဲ့ အရည်ပျော်ပုံများ 😋 အဆွိတလိုင်းနဲ့ ဒုတိယမြောက် မဟုတ်တဲ့ ဒုတိယမြောက် sk fanfic ခင်...