အပိုင်း (၁၈)_ Z+U_

2.6K 189 11
                                    

(Zawgyi)

ဒီ​နေ့ မနက်​ခင်းတွင်​​တော့
အခန်းတွင်း အိပ်​​ပျော်​​နေ​သော ​ကောင်​​လေးနှစ်​​ယောက်​အနက်
တစ်​​ယောက်​က​တော့ အကြီးအကျယ်​ စိုးရိမ်​မှု​တွေ ဖြစ်​​နေလိမ့်​မယ်

ဘယ်​သူလည်းဆိုတာ ​တွေးကြည့်​ရန်​မလို​အောင်​.
သေချာ​ပေါက်​ krist ပဲ...

ထိုင်းနိုင်​ငံက​နေ တပါး​သောပြည်​သို့ ထွက်​ခွာရန်​ ပြင်​​နေသည့်​ ချစ်​သူ​မောင်​က​တော့
မသွားခင်​ နှစ်​ဖက်​မိဘအကုန်​ကို နား​ဖောက်​ချင်​သတဲ့ဗျ

Krist ရဲ့ မိခင်​နဲ့ မ​နေ့က ​တွေ့ဖြစ်​တယ်

မိခင်​က​တော့ သ​ဘောမတူတာမရှိ
သေချာ​ပေါက်​ လက်​မ​ထောင်​​နေသူ ဖြစ်​သဖြင့်
Singto မျက်​နှာ အဲ့​နေ့က ​ပြုံး​ပျော်​​နေတာ
Krist မမှတ်​မိဘဲ ​နေမလား

မိခင်​က အားတက်​သ​ရော ပါဝင်​​တော့
ဟိုလူ ပြုံးဖြီး​နေတာ မဆန်း​တော့ပါဘူး​လေ

အခု​တော့ ကိုယ့်​အလှည့်
ကိုယ့်​မျက်​နှာ သွားပြရမယ့်​ အလှည့်

အဲ့တာ​ကြောင့်​မို့ စိုးရိမ်​စိတ်​က ​တော်​​တော်​ပင်​ ကြီးစိုး​နေသည်

ထို့​ကြောင့်​လည်း.တမနက်​လုံး
Singto နားပူ​လောက်​တဲ့အထိ
ပြော​နေ​သော ကိုယ့်​ကိုယ်​ကိုလည်း
မုန်းလှပါပြီ...

အခု ကိုယ်​ရင်​ဆိုင်​ရ​တော့မှာဆို​တော့
ချစ်​သူ​ခေါ်ရာ လက်​ကို ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​ပြီး ​ခေါင်းငုံ့ လိုက်​ပါခဲ့ရတာ​ပေါ့

အိမ်​ထဲသို့ ဝင်​ရန်​ အိမ်​တံခါးမကြီးကို
Krist လှမ်းမြင်​​နေရပြီ

ကိုယ့်​တံ​တွေးသာ ပြန်​မြိုချရင်း ချစ်​သူကို
အားကိုးတကြီး ကြည့်​မိ​တော့
တောက်​ပလွန်းတဲ့ အပြုံးမျိုးဖြင့်​ ပြန်​ပြုံးပြလာသည်

ဟုတ်​တယ်​ ဒီလူ​ကြောင့်​ပဲ အားတင်းရမယ်

ကိုယ်​​တွေ မဝင်​ခင်​​လေး
အိမ်​တံခါးမှ အ​လောတကြီး ​ပြေးလာသူ

Pony ဆိုသည့်​ သူနှင့်​ မျက်​နှာ​ကြော မတည့်​တဲ့လူ

Krist ခပ်​တည်​တည်​ပဲ singto ကို
အ​နောက်​ပို့လိုက်​တယ်

Parasite (completed) _Z+U_Où les histoires vivent. Découvrez maintenant