အပိုင်း (၁၃)_Z+U_

2.7K 214 3
                                    

(Zawgyi)

Singto ရဲ့ ရုတ်​တရက်​ အပြုမူ​ကြောင့်​ krist ခန​တော့ ​ကြောင်​အမ်းအမ်း ဖြစ်​သွားသည်

Singto က​တော့ ဘာမှမ​ပြော တင်းကြပ်​စွာ ဖက်​ထားသဖြင့်​ လူက အတင်းရုန်းမိသည်

ဒီလူ ​ဆေးစားမှားလာတာလား

Krist အခုချိန်​ထိ singto ကို စိတ်​​ကောက်​​နေတုန်း
သူ့ကို အမြဲ နှင်​ထုတ်​လွန်းသဖြင့်​ ငိုထားရ​သေးတယ်

မ​ကျေနပ်​ချက်​​တွေ များ​နေတဲ့ အတွက်​​ကြောင့်​ ဆက်​ငြိမ်​ခံ မ​နေ​တော့ဘဲ singto ရဲ့ ​ခြေတလုံးကို အားပြင်းပြင်း ​ဆောင့်​ကန်​လိုက်​သည်
ထိုအခါမှလည်း.သူ အသက်​ဝဝ ရှူရ​တော့တယ်

ဟိုလူကြီးက​တော့ ​ဆွေ့​ဆွေ့ကို ခုန်​​နေတာ​ပေါ့
သူ့​ခြေ​ထောက်​ သူ ကိုင်​​နေရင်းဖြင့်

"Kit ရာ လုပ်​လိုက်​ရင်​ အားချည်းပဲ"

မျက်​နှာ​လေးကို ရှုံ့မဲ့ပြီး ​ပြောလာတဲ့ singto ကို မျက်​​စောင်းတစ်​ချက်​သာ ​ပေးသနားလိုက်​တယ်

"ခင်​ဗျားက​ရော ဘာလို့ လူကို လာဖက်​လည်း"

စူပုပ်​ပုပ်​နဲ့ ​ပြောလိုက်​​တော့ တစ်​ဖက်​မှ ပြုံးလာတဲ့ လူသား

သေချာပြီ ခင်​ဗျားကြီး ရူးသွားပြီ 😥

"ကျွန်​​တော့်​ကို အဲ့လိုကြီး လာမကြည့်​နဲ့
ကြက်​သီးထချင်​ စရာကြီ"

"ဘာလို့လည်း ကိုယ်​ချစ်​တဲ့လူကို ကိုယ်​ကြည့်​တာ ကြည့်​ခွင့်​မရှိဘူးလား"

"ဘယ်​သူက ချစ်​တဲ့လူလည်း
ဘာလည်း ခင်​ဗျားချစ်​သူက ဒီတံခါးလား
 ဖြုတ်​မ​ပေးနိုင်​​ပေမယ့်​ တံခါးပိတ်​​ပေးမယ်
သူ့ကို ​သေ​အောင်​သာချစ်​​နေခဲ့​တော့"

Singto ထံမှ ရုန်းထွက်​ရန်​ ပြင်​​ပေသည်
သို့​သော်​လည်း မ​အောင်​မြင်​ အ​နောက်​မှ singtoက မိမိ လက်​​မောင်းအား တင်းကြပ်​စွာ ကိုင်​လာ​သော​ကြောင့်​ပင်​...

"​နေဦး​လေ
Kit ကလည်း"

"လွှတ်​ဆိုလွှတ်​​နော်
ကျွန်​​တော်​ အခု ခင်​ဗျားကို စိတ်​​ကောက်​​နေတယ်​"

Parasite (completed) _Z+U_Donde viven las historias. Descúbrelo ahora