အပိုင်း (၁၆)_Z+U_

2.7K 199 2
                                    

(Zawgyi)

TayNew ကို ချန်​ရစ်​ထားခဲ့ပြီး
ခေါ်ရာ​ကော်​ဖီဆိုင်​မှ မိမိ​နေအိမ်​စီသို့..

လက်​က ကား​မောင်း​နေတာ ပါးစပ်​က အခုထိ မ​ကျေနပ်​တာကို မနားတမ်း ရွတ်​ဖတ်​စတမ်း

"ဟက်​..သူတို့ အဆင်​​ပြေ​တော့
လူကို လစ်​ထုတ်​လိုက်​တာ

သူတို့ ကြည်​နူး​နေတာကို လူကို သက်​သက်​မဲ့
လာကြွားတာ

နောက်​တစ်​​ခေါက်​ လာခဲ့ပါဦး မင်းအကူညီ လိုလို့ပါလို့
ပြောရဲ​ပြောကြည့်​စမ်းပါ
Krist ဘာ​ကောင်​လည်းဆိုတာ သိ​စေရမယ်​"

Krist ရဲ့ ကား​လေး တ​ရွေ့​ရွေ့ သွားရာမှ
ဆီကုန်​ပြီဖြစ်​​ကြောင်း ပြသ​နေသည့်​ ​နေရာ

Krist စိတ်​ပျက်​ပျက်​ဖြင့်​ လမ်း​ဘေးထိုးရပ်​လိုက်​ရင်း

ဆိုးလိုက်​တဲ့ငါ့ကံ

ညီးတွားရင်း လူက ဘာလုပ်​လို့ ဘာကိုင်​ရမှန်း မသိဖြစ်​​နေကာ စိတ်​ကအလိုလို အိုက်​လာပြီ

ချွေး​စေးပြန်​​နေတဲ့ နဖူးပြင်​ကိုသာ ခပ်​နာနာ ပွတ်​ဆွဲရင်း
ကားထဲမှာ အငြိမ်​မ​နေနိုင်

အဲ့တာ မင်းတို့​ကြောင့်​ဖြစ်​တာ

Taynew ကိုသာ ကျိန်​ဆဲရင်း

အမုန်း​တွေက​နေ အံသြခြင်းသို့ ​ပြောင်းခဲ့ရတဲ့ အခိုက်​က​တော့
Krist ကားတံခါးကို လာ​ခေါက်​​နေတဲ့လူ

"P'sing"

"Kit ကားမှန်​ချ​ပေးဦး"

ချစ်​​သောသူ အမိန့်​​ပေးတာနဲ့ ချက်​ချင်းလုပ်​ပစ်​လိုက်​တဲ့ လက်​လှုပ်​ရှားမှု

တခါတ​လေ မင်းတို့​တွေလည်း
ငါမုန်းတဲ့ထဲမှာ ပါတယ်

ကားမှန်​ချလိုက်​သဖြင့်​ အရှင်းသား မြင်​ရတဲ့
Singto ဖြစ်​သူရဲ့ သွားဖြူဖြူတန်း​လေး​တွေ

ယခင်​က စိတ်​ရှုပ်​ခဲ့တာ​တောင်​ သူ မခံစားမိ​တော့
ဘာလို့ဆို သူ့​ရှေ့မှာ ​အချစ်​​မှော်​ဆရာ​လေးက ပြုံးပြ​နေခြင်း​ကြောင့်​.....

"Kit ကား ဘာဖြစ်​လို့လည်း"

"ဆီကုန်​သွားလို့"

Parasite (completed) _Z+U_Tahanan ng mga kuwento. Tumuklas ngayon