(Zawgyi)
ဒီနေ့မနက်ခင်းတည်းမှာ ပြာယာခတ်နေကြသူများက Tay နှင့် krist ပင်
ဂိမ်းသံကို အကျယ်ဆုံးထားရင်း အိမ်ထဲသောင်းကျန်းချင်သလို သောင်းကျန်းနေကြသည်ဆဲဆိုသံများကလည်း ဟိန်းထွက်နေသေး
Krist တစ်ယောက် singto ရှေ့ အတက်နိုင်ဆုံး ဂရုစိုက် နေထိုင်သော်လည်း ဂိမ်းဆော့ရင် ဘယ်လိုမှ ဟန်မဆောင်နိုင်တော့နှစ်ယောက်သား screen ပေါ် သည်းကြီးမဲကြီး ကြည့်ရင်း ဆော့နေလိုက်ကြတာ အပေါက်ဝမှာ ဂျိုကစ်နေတဲ့ singto ကို မမြင်နိုင်ကြသေး
ရုံးပိတ်ရက်မို့ အေးဆေးနားရမယ် ထင်နေတာ လက်တွေ့မှာတော့ တက်တက်စင်အောင် လွဲနေပြီ
Singto စိတ်ပျက်လက်ပျက်ဖြင့် အခန်းတံခါး ဆောင့်ပိတ်ပြီး ဧည့်ခန်းဘက်သို့ ဆင်းလာခဲ့သည်ဧည့်ခန်းမှ ဖုန်းမြည်သံ တစ်စွန်းတစ ကြားရသဖြင့် သွားကြည့်ရာတွင် ဟို krist ဆိုတဲ့ ကလေးရဲ့ ဖုန်းပင်
သူများရဲ့ privacy ကို မချိုးဖောက်ချင်သော်လည်း လူက အနည်းငယ်တော့ စပ်စုချင်သား
Screen ပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်ကြောင့် မျက်နှာတစ်ချက် ပျက်သွားတယ်
ချစ်ဆုံး ဆိုသူက ဘယ်သူမှန်းတော့ မသိလှ
နောက်တစ်ချီ ဝင်လာတဲ့ ဖုန်းကြောင့်လည်း လူက အံသြရနိုးနိုး
အချစ် ဆိုတဲ့ love sign လေးက ပါသေး
ဒီကောင် ရည်းစား ဘယ်နှစ်ယောက်များ ပတ်ထားနေလည်း မသိဘူး
အင်း..tay ကိုလည်း ပြောထားရမယ် ဒီကောင်လေးနဲ့ မပေါင်းဖို့ထိုအတွေးတို့နှင့်ပင် ချစ်ဆုံးတစ်လှည့် အချစ်တလှည့် ဝင်လာတဲ့ ဖုန်းကို အလျင်မြန် ကောက်ကိုင်လိုက်ပြီး krist ရှိရာသို့သာ ကြွတော်မူခဲ့ရသည်
"မင်း ရည်းစားတွေရဲ့ ဖုန်းတွေ အဆက်မပြတ် လာနေတယ်"
VOUS LISEZ
Parasite (completed) _Z+U_
Fanfictionခင်ဗျားကြီးမရှိလို့ မဖြစ်ပါဘူးဆိုပြီး parasiteလို အပြီပင် ကပ်နေတဲ့ krist တစ်ယောက်ကြောင့် ခံစားချက် မဲ့တဲ့ အေးစက်စက် ရေခဲတုံးကြီး singto ရဲ့ အရည်ပျော်ပုံများ 😋 အဆွိတလိုင်းနဲ့ ဒုတိယမြောက် မဟုတ်တဲ့ ဒုတိယမြောက် sk fanfic ခင်...