အပိုင်း (၁၁)_Z+U_

2.7K 215 18
                                    

(Zawgyi)

Krist တစ်​​ယောက်​ New ရဲ့ plan အတိုင်း singto ​နောက်​ လိုက်​​နေသည်​မှာ တစ်​ပတ်​နီးပါး ရှိပြီ

ထိုသို့ လိုက်​ရခြင်းသည်​လည်း New ​ပြောသလို

လူ​တွေက ခနတိုင်း ​တွေ့ရတဲ့လူကို မသိစိတ်​က ခင်​တွယ်​တတ်​တယ်​တဲ့

အဲ့တာ​ကြောင့်​လည်း သူခင်​တွယ်​​အောင်​.မြင်​ကွင်းထဲ မကြာခန ​ပေါ်လာ​ပေးရသည့်​ တာဝန်​က krist ရဲ့ တာဝန်​ ဖြစ်​ခဲ့ရသည်

အမှန်​တိုင်း ပြန်​ဝန်​ခံပြီး သူ့ဘက်​က ​သ​ဘောထားကို ​မေးမည်​ဟု ကြံ​သော်​လည်း ဆရာသမား နှစ်​​ယောက်​ရဲ့ ပြင်းထန်​​သော လက်​ဝါးချက်​နှင့်​အတူ အဆုပ်​ကွာမတတ်​ ခံလိုက်​ရပြီး

မင်း ရူး​နေတာလား ဟူ​သော ပြိုင်​တူသံ​ကြောင့်​ အ​တွေးဆတို့မှာ အ​ငွေ့ပျံသွားရခဲ့ဖူးသည်

သေချာတာ​တော့ အခုချိန်​ အထက်​က ​ပေးမည့်​ အမိန့်​ကိုသာ ​စောင့်​ရင်း လှုပ်​ရှားရမှာ krist တာဝန်​ပင်

ဒီရက်​ပိုင်း singto က မနက်​ခင်း အ​​စောပိုင်းအချိန်​ ထ​ပြေး​လေ့ ရှိလာသည်

ထို့​ကြောင့်​လည်း အိပ်​ပုတ်​ krist က အိပ်​ချင်​မူးတူး အ​နောက်​မှ ​ပြေးလိုက်​ရသည့်​ အလုပ်​တစ်​ခု တိုးလာတာ​ပေါ့

သို့​ပေမယ့်​ ​နေ့လယ်​ခင်း​တော့ သူ မ​တွေ့ရ
အလုပ်​ထဲမှာလည်း ဝင်​မ​နှောက်​ယှက်​ချင်​တာ ပါသဖြင့်​ ကုမ္ပဏီ ရဲ့ မနီးမ​ဝေး ဆိုင်​မှာသာ ထိုင်​​လေ့ရှိသည်

ည​နေခင်းဘက်​ singto အလာ​စောင့်​ရင်း အထုပ်​ဆွဲခဲ့ရတဲ့ ​နေ့ရက်​များလည်း မပျက်​မကွက်​ ရှိ​သော်​လည်း
အခုထိ singto ကို သူနှင့်​အတူ မုန့်​အတူတူစားရန်​ ဖိတ်​​ခေါ်ဖို့ မရဲ​သေးပင်

လူလိမ်​​လေးလို့ ခင်​ဗျားသမုတ်​တဲ့ အဓိပ္ပါယ်​နဲ့အတူ ခင်​ဗျား​ပေါ် ဆက်​လိမ်​ရလို့ အားနာတယ်​ဗျာ...

အခုချိန်​ထိ parking zone မှာ ​မျှော်​​နေတဲ့ကား​လေး ​ပေါ်မလာ​သေး

"Shit ​ခေါက်​ဆွဲဗူး သွားဝယ်​ရဦးမယ်​"

Krist ​ခေါင်း​လေး တ​မျှော်​​မျှော်​နဲ့ ခန​တော့ ရပ်​​စောင့်​​နေ​သေး​သော်​လည်း အရိပ်​​တောင်​ မမြင်​ရ​သေးသဖြင့်​ လက်​​လျော့လိုက်​ပြီး ဆိုင်​တစ်​ဆိုင်​သို့ သွားရန်​ ဦးတည်​ခဲ့သည်

Parasite (completed) _Z+U_Donde viven las historias. Descúbrelo ahora