(Zawgyi)
"ကိုကို
Kit နည်းနည်းကြောက်တယ်"ခြံထဲသို့ မဝင်ဘဲ လမ်းဘေးချရပ်ထားသော ကားထဲတွင် krist တစ်ယောက် မဆင်းဘဲ ပေကပ်ကပ် လုပ်နေသောကြောင့်
Singto မနည်း ပြောနေရခြင်းပါ"Baby ကလည်းကွာ
မကြောက်ပါနဲ့""မကြောက်လို့ ရမလား
Kit တစ်ချိန်က ဆိုးသွမ်းထားတာကို
အန်တီတို့ သိတယ်လေ
မသိဘူးဗျာ kit မျက်နှာပူတယ်""ကို တစ်ယောက်လုံး ရှိတယ်လေ baby ကလည်း"
"ကိုကို ရှိလို့ပဲ ခက်နေတာ
ချစ်သူတွေလို့သာ သိလို့ကတော့
သူတို့အိမ်ရဲ့ သားအလိမ္မာလေးကို
ဖြတ်ခုတ်သွားပါတယ်ဆိုပြီး မီးတောက်တောက်
မျက်လုံးကြီးတွေနဲ့ကြည့်ရင် ဘယ်လိုလုပ်မလည်း"တကယ်ပါ သွားမယ့်အရေးကို ပေကပ်ကပ်လုပ်နေပြီး
အခြေမြစ်မရှိ တွေးကြောက်နေတဲ့ krist နဖူးတွင်
ဇောချွေးများကလည်း တလှိုင်လှိုင်ပင်ကိုယ်နဲ့ အနီးဆုံးတွင်ရှိသော လက်တစ်ဖက်ကို အသာယာ ဆုပ်ကိုင်လိုက်ရင်း
"ကိုယ် တစ်ယောက်လုံး ပါပါတယ်ဆိုကွာ "
"ဒါပေမယ့်"
"တော်ပြီ kit
အဲ့လောက် တွေဝေ မနေနဲ့တော့
Kit ရှေ့မှာ ကိုယ်တစ်ယောက်လုံးရှိတယ်နော်""..."
"ကိုယ့်ကို ယုံလား"
Krist ဘာစကားမှ မဆိုဘဲ ခေါင်းငြိမ့်ပြသည်
"အင်း လိမ္မာတယ် ကိုယ့် baby က
လာပါ အိမ်ထဲ ဝင်ကြမယ် "ကားတစ်ခါးကို အပြေးလွှားသွားဖွင့်ပေးပြီးနောက်မှာတော့
ကားပေါ်မှ မရဲတရဲ ဆင်းလာသူအရင်လို ခပ်ဆိုးဆိုး ပုံစံမျိုးမဟုတ်ဘဲ
တစ်မျိုးကွဲထွက်နေတဲ့ krist ရဲ့ပုံစံလေးက
Singto ကို ငေးမောစေလောက်သည်အထိ"လူကိုဘာလို့ အဲ့လောက်ကြီး ကြည့်နေတာလည်း
မကြည့်နဲ့ "
YOU ARE READING
Parasite (completed) _Z+U_
Fanfictionခင်ဗျားကြီးမရှိလို့ မဖြစ်ပါဘူးဆိုပြီး parasiteလို အပြီပင် ကပ်နေတဲ့ krist တစ်ယောက်ကြောင့် ခံစားချက် မဲ့တဲ့ အေးစက်စက် ရေခဲတုံးကြီး singto ရဲ့ အရည်ပျော်ပုံများ 😋 အဆွိတလိုင်းနဲ့ ဒုတိယမြောက် မဟုတ်တဲ့ ဒုတိယမြောက် sk fanfic ခင်...