[Zawgyi]
"ဟေး....စောက်ခြောက်...!!
မင်းxျင်ကို အလကား လုပ်ပေးမယ့်
ကောင်တောင် တစ်ယောက်မှ
မရှိသေးဘူးမလား....!!"HAHAHA....!"
"ကျက်သရေတုံးလိုက်တာကွာ...!!"
ပထမတစ်ယောက်က စကားစလိုက်တယ်ဆိုရင်ပဲ
ကျန်တဲ့ ကျောင်းသားတွေကပါ
သူ့ကို ညစ်တီးညစ်ပတ် စကားလုံးတွေနဲ့
ပေါ်တင် စော်ကားမော်ကား ပြောခြင်းခံရသည်။Taehyung ခေါင်းကိုသာ
တွင်တွင်ငုံ့ထားပြီး အတန်းရှိရာဆီ ဆက်လျှောက်သွားလိုက်သည်။"Hey...!! မင်းက ငါ့ကို ဂရုမစိုက်ဘူး
ဆိုတဲ့ အချိုးချိုးတာလား..!!!"Jungkook က
Taehyung သွားရာနောက်သို့
ခပ်သွက်သွက် လျှောက်သွားပြီး
နောက်ကျောဘက်ကနေ ကြမ်းတမ်းစွာ တွန်းပစ်လိုက်တာကြောင့်
Taehyung တစ်ယောက်
ကြမ်းပြင်ပေါ်တွင် ပုံလျှက်သား
လဲကျသွားသည်။Taehyung အခုချိန် မတ်တပ်ထရပ်လိုက်မိလျှင်
လက်ရှိ အခြေအနေထက် ပိုဆိုးလာရုံပဲရှိသည်။ထုံးစံအတိုင်း လက်သီးကို တင်းတင်းဆုပ်ရင်း
ဘာစကားမှပြန်မပြောဘဲ
သူတို့တွေ ရိုက်နှက်ထိုးကြိတ်သမျှ
ပြန်မခုခံပဲ အဆုံးထိ ငြိမ်နေလိုက်သည်။
ပြီးရင်တော့ Taehyung ၏
မျက်နှာကလွဲလို့ ခန္ဓာကိုယ်တစ်ခုလုံးတွင်
သွေးထွက် ဒဏ်ရာများစွာ ကျန်ခဲ့ပေလိမ့်မည်။"ဘာလဲဟ...!!
လက်သီးတွေ ဘာတွေဆုပ်လို့ပါလား...
ဟေး..မင်ရူးသွားတာလား စောက်ခြောက်ရ..
ဘာလဲ ငါ့ကိုထိုးမလို့လား..ဟမ်...မေးနေတယ်လေ..!!"Jungkook က မခံချင်အောင်
အမျိုးမျိုးစနောက် လှောင်ပြောင်နေပေမယ့်
Taehyung က Jungkook ကိုကြည့်ပြီး
ဘာစကားမှမပြောပဲ တိတ်တဆိတ်သာ ငြိမ်နေလိုက်သည်။Jungook က ထုံစံမပျက်သော
Taehyung ၏ အပြုအမူကြောင့် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး
သူ့အပေါင်းအဖော်တွေနဲ့အတူ
ထပ်မံ လှောင်ရယ်လိုက်ပြန်သည်။Jungkook ဆိုသည်မှာ
အတန်းဖော် ကျောင်းသူ/ကျောင်းသား တွေကို
အမြဲ အနိုင်အထက်ကျင့် လေ့ရှိသော
လူဆိုးလေးစာရင်းဝင် ကောင်လေးတစ်ယောက်။