[Zawgyi]Taehyung ထမင်းစားနေသည်ကို
Jungkook က ခပ်လှမ်းလှမ်းတွင်ရှိသော နံရံကိုမှီလျှက် တစ်ချိန်လုံး မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေသည့်အပြင်
တစ်ခါတစ်ခါ ဖုန်းနှင့်ဓာတ်ပုံရိုက်နေသည် ဟုပင် ထင်ရသော အမူအယာများကြောင့်
Taehyung စိတ်ထဲ အနေရခတ်လာသည်။အတော်အတန်လဲ ဗိုက်ပြည့်သွားပြီမို့
ထမင်းဘူးကို သိမ်းရန်ပြင်တော့
Jungkook က အနားသို့ရောက်လာပြီး
သူဝယ်လာသော အအေးဘူးကို
ကိုယ်တိုင်ကိုယ်ကျ ဖောက်ပေးသေးသည်။ထို့နောက် အဆင်သင့်သောက်ရုံ
ပိုက်တပ်ပြီး လက်ထဲထည့်ပေးလာသော
အအေးဘူးလေး .. ။ဒီလို အလေးအဖွဲလေးကစ
ဂရုတစိုက်နဲ့ အလိုက်သိပေးမှုတွေ .. ။"လွမ်းမနေခဲ့ပါဘူး" ဟုပြောလျှင်
အမှန်ပင် လိမ်ရာကျတော့မည်။တကယ်တမ်းဆို အစကတည်းက
ကိုယ့်ရဲ့ တစ်ဖက်သက် ခံစားချက်တွေကို သူသိအောင် ရင်မဖွင့်ခဲ့သင့်တာရယ်လေ ... ။ဒီလိုသာဆို အခုချိန်မှာ သူလည်းကိုယ့်ကို
မုန်းချင်ယောင်ဆောင်နေမှာ မဟုတ်.. ။အခုလေးတင် သောက်လိုက်မိတာ အအေးဆိုပေမယ့်
မဆီမဆိုင် လည်ချောင်းတစ်လျှောက် ပူဆင်းသွားတဲ့ ခံစားချက်ကြီးက
ဆိုးလိုက်တာ ... ။ရှေ့တည့်တည့်တွင် သူရှိနေသည်မို့
အောက်နှုတ်ခမ်းကို ဖိကိုက်ဖို့ရာ မရဲ .. ။ဘာပဲဖြစ်ဖြစ် .. လုံးဝ မျက်ရည်မကျစမ်းနဲ့ Taehyung .. ။
မင်းယောက်ျားမဟုတ်ဘူးလား .. ဟမ် ။"Taehyung ငါ့ကိုကြည့်ကွာ ~ "
သူ့စကားအဆုံး အအေးသောက်လက်စမှာတောင်
ဆက်ခနဲဆိုသလို အနှီမျက်နှာချောချောအား အချိန်မဆိုင်းပဲ မော့ကြည့်မိသည်။အဲ့လိုပါပဲ .. ။
သူ့ဆီက အမိန့်ပေးခြင်း မမည်တဲ့
ခပ်ရှရှ အပြောချိုချိုလေးတွေကိုတောင်
ဒီခန္ဓာက အလိုလို နာခံလွန်းအားကြီးနေတာ .. ။"Taehyung သေချာနားထောင်နော် ..
ငါက .. Jeon Jungkook ဆိုတဲ့
ငါကလေ .. မိပ်ကပ်တွေအဖွေးသားလိမ်းပြီး
နှုတ်ခမ်းနီ ပါးနီတွေ အပြည့်ခြယ်သနေရတာကို သဘောကျတဲ့ မိန်းမလျာစိတ်ပေါက်နေတဲ့
ကနွဲ့ကလျ အခြောက်တစ်ယောက်လည်း
မဟုတ်ဘူး Taehyung .. ။
အဲ့လိုတောင်မရောက် မြောက်မရောက်
ကောင်တွေဆိုရင်လဲ ငါက
အသေအလဲကို ရွံရှာစိတ်ဖြစ်ခဲ့တာ ... ။
အမြဲတမ်းလည်း ပြစ်တင်ရှုံ့ချခဲ့ဖူးတယ် ။
ပြီးတော့ ငါ့တစ်သတ်နဲ့တစ်ကိုယ်လည်း ဘယ်ယောက်ျားကိုမှလည်း စိတ်နဲ့တောင် ပြစ်မှားခဲ့ဖူးတာ မဟုတ်ပဲနဲ့ကွာ ...
မင်းနဲ့ကျမှ ... "