[ Zawgyi & Unicode ]
ကျတော် ... Jungkook ရဲ့ အိပ်ယာပေါ်မှာလှဲနေရင်း သူ့ရဲ့(Jungkook ရဲ့) ခေါင်းအုံးလေးကို ဖက်ထားတယ် ။
ဒီနေ့က Jungkook ထောင်ကျပြီးတာ
လေးနှစ်မြောက်တဲ့နေ့ .. ။သက်ပြင်းတစ်ချက်ချရင်း အိပ်ယာပေါ်က
ထသွားလိုက်တယ် ။ မီးဖိုခန်းထဲက မုန့်တစ်ထုတ်ယူလာပြီး
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာဝင်ထိုင်လိုက်တယ် ။
ဘာမှမရှိတဲ့ TV ဖန်သားပြင်ကို အကြောင်းမဲ့
ငေးကြည့်နေရင်းပေါ့ ... ။Jungkook ပြန်မလာမချင်း ကိုယ့်အိမ်မှာကို ပြန်နေဖို့
ကျတော့်မှာ စိတ်ကူးမရှိဘူး။
ကျတော် သူ့ကို ကတိပေးထားတယ် .. ။
"Jungkook ပြန်လာတဲ့အချိန်ထိ သေချာပေါက်
စောင့်နေပါ့မယ်လို့ " ... ။အပြင်ဘက်က တံခါးခေါက်သံကြားတာကြောင့်
မုန့်ထုတ်ကို လက်ထဲကချလိုက်ပြီး တံခါးသွားဖွင့်ဖို့
ပြင်လိုက်တယ်။Jungkook ရဲ့ အိမ်ဆိုပေမယ့် ကျတော်ရှိနေတာကြောင့်
အစ်ကိုတွေ မကြာခဏ လာလည်နေကျမို့
ဒါဟာ အထူးအဆန်းတော့မဟုတ် ။"Jungkook... ?!! "
ရုတ်တရက်မို့ ကျတော်အသံထွက်ပြီး အော်လိုက်မိ
သည်အထိ .. ။တံခါးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့ တစ်စုံတစ်ယောက်ကြောင့်
နေရာမှာတင် အရုပ်တစ်ရုပ်လို ကြောင်,အစွာ
ရပ်နေမိတော့ ထိုလူသားက တမင်တကာ
နှုတ်ခမ်းကိုစူရင်း ကျတော့အား မကျမနပ် ပြောလာသည် ။"ဘာလေးလဲကွာ ...? ကိုယ့်ကို လာမဖက်တော့ဘူးလား ... "
မိနစ်ပိုင်းလောက်ကြာသည်အထိ Jungkook အား
တအံ့တသြ ငေးကြည့်နေမိတဲ့ ကျတော် ..။
အနှီလူသား၏ ရင်ခွင်ကျယ်ကြီးထဲ ပြေးဝင်ကာ
စိတ်ရှိလက်ရှိ အော်ငိုမိတော့ ... ကျတော့်အား တင်းကျပ်စွာ ပွေ့ဖက်ထားပေးသော ကြမ်းရှရှ လက်တစ်စုံက
နွေးထွေးယုယမှုအပြည့်ဖြင့် ။"နောက်..နောက်ထပ် .. နှစ်,နှစ်တောင် ကျန်သေးတယ်
ထင်တာ ... ? "ကျတော်ထိုသို့ပြောတော့ Jungkook က
မျက်ရည်တွေကို သုတ်ပေးရင်း ပါးနှစ်ဖက်ကနေ
အုပ်ကိုင်လျှက် ကျတော့် နှုတ်ခမ်းတို့အား ခပ်ဖွဖွ
ငုံ့မိုး နမ်းရှိုက်လာသည်။