ဦး /1/

8.3K 706 52
                                    

[Zawgyi]



"ဒါဆိုရင် ခုနက share amount
ထပ်တိုးချင်တယ်လို့ တင်ပြခဲ့တဲ့
member အသီးသီးက
ဒီတစ်ပတ်အတွင်းမှာပဲ
အတွင်းရေးမှူး "မင်" ကနေတဆင့်
ကျတော့်ဆီကို တင်ပြနိုင်ပါတယ် "

" ဦးဦး ... အဟိဟိ "

ခရမ်းရောင် ကျောပိုးအိတ်သေးသေးလေးကို
အိပဲ့အိပဲ့ လွယ်ထားတဲ့
အသားဖွေးဖွေး ဝတုတ်တုတ်ကလေးလေးက
အစည်းအဝေးခန်းမ၏
ထိပ်ဆုံးနေရာမှာ ထိုင်နေသော
CEO ပေါက်စလေးဂျူံးဂု ဆီသို့
လက်သီးလေးတွေဆုပ်ကာဆုပ်ကာဖြင့် အားကြိုးမာန်တက် အပြေးလေးလာသည်။

ဦးခေါင်းထိပ်က ဆံပင်နည်းနည်းကို
ခေါင်းစည်းကွင်းနဲ့ ဖြစ်သလိုစုစည်းထားတာကြောင့်
ထိုးထိုးထောင်ထောင် ကြက်တောင်စည်းသေးသေးလေးက
လေယူရာ ယိမ်းနွဲ့လျှက်ရှိသည် ~

"ကလေးလေး ... ဘယ်လိုဖြစ်ပြီး .."

"တောင်းပန်ပါတယ် ဆရာ
ကလေးက ... "

"ရတယ် အစ်ကိုဟိုဆော့
ကလေးကိုထားခဲ့လိုက်ပါ "

မိမိရှေ့ကိုရောက်လာပြီး
သေးသေးဖောင်းဖောင်း လက်ကလေးနှစ်ဖက်ကို
ဆန့်တန်းပေးလာတဲ့ ကလေးပေါက်စအား
ဂျူံးဂု အလိုက်တသိ ကောက်ပွေ့ရင်း
ဟိုဆော့အား ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် မိမိ၏ရင်ခွင်ထဲသို့ ခေါင်းလေးတိုးရင်း
တခိခိ နဲ့ သဘောတကျရယ်နေသော ကလေးငယ်အား
ဂျူံးဂုက လက်ညှိုးတစ်ချောင်းကို နှုတ်ခမ်းတွင်ကပ်ရင်း
"ရှူး တိုးတိုး " ဟု အမူအယာနဲ့ပြလိုက်သည်။

အလိမ္မာတုံးလေးက ချက်ချင်းဆိုသလို
သူ့ရဲ့ လက်ဝါးသေးသေးလေးနှစ်ဖက်နဲ့
နှုတ်ခမ်းကိုအုပ်ရင်း ခေါင်းလေးကို
တဆတ်ဆတ် ညိမ့်ပြလေသည်။

"အားလုံးဆွေးနွေးပြီးသွားပြီဆိုတော့
အစည်းအဝေးကို ဒီမှာပဲရပ်လိုက်ကြတာပေါ့
မရှင်းတာများ ရှိသေးလားမသိဘူး "

"မရှိပါဘူး Mr.Jeon "

"ကောင်းပါပြီ .. "

ဂျူံးဂု၏ စကားအဆုံး အစည်းအဝေးခန်းမကနေ
အသီးသီးထွက်ခွာသွားကြသော
ရှယ်ယာရှင်တွေထဲမှ အဖွဲ့ဝင်အသစ်ဖြစ်သည့်
ချွဲမင်ဆူ ဆိုသောအမျိုးသမီးအား
ကလေးလေးက မျက်စိတဆုံးလိုက်ကြည့်ရင်း
မျက်မှောင်လေးကျုံ့ပြီး နှုတ်ခမ်းလေးဆူထားသည်ကို
ဂျူံးဂုတွေ့လိုက်သည်။

Vkook Short StoriesWhere stories live. Discover now