[Zawgyi]"ဦးလေးဟိုဆော့ ... ဂျီမင်ကို သူ့အိမ်ပို့ပီးတာနဲ့
တိုက်ခန်းကိုပြန်နားလိုက်တော့နော်
စံအိမ်ကို လာမနေတော့နဲ့သိလား
သား လုပ်စလေးတွေရှိလို့ .. "ဟိုဆော့က အလိုက်သတိ ခေါင်းညိမ့်ပြရင်း
ကားကို စံအိမ်ထဲကိုထိရောက်အောင် မမောင်းတော့ဘဲ
ခြံရှေ့တည့်တည့်တွင်သာ ရပ်ပေးသည်။"ဟေ့ကောင် အကာအကွယ်သုံးဖို့ မမေ့နဲ့ဦး ... "
ဂျီမင်က ကားမှန်ကိုချရင်း ခြံထဲဝင်သွားပြီဖြစ်သော
ထယ်ယောင်းကြားရုံ ခပ်ကြိတ်ကြိတ် လှမ်းသတိပေးသည်။ထယ်ယောင်းက ကားနားကို ပြန်လျှောက်လာပြီး
"ဂျီမင် .. ငါပြောပြမယ် "
"ဘာကိုလဲ ... "
"မင်းစဉ်းစားကြည့်ကွာ .... ဥပမာ ...
သကြားလုံးတစ်လုံးကိုပဲဖြစ်ဖြစ်
မုန့်ထုတ်တစ်ထုတ်ကိုပဲဖြစ်ဖြစ် ပါကင်မဖောက်ပဲ
အခွံကြီးအတိုင်းဝါးစားနေမယ်ဆိုရင်
အထဲကသကြားလုံးရဲ့အရသာ မုန့်ရဲ့အရသာကို
မင်းသိရမှာမဟုတ်ဘူးလေ ... ဟုတ်တယ်မလား .. "ထယ်ယောင်းက ပြောပြီးတာနဲ့ ခြံဝန်းထဲသို့ ခပ်သွက်သွက်လေး
ပြေးဝင်သွားခဲ့သည်။ကျန်ခဲ့သူ ဂျီမင်ခမျာ .. .
"သကြားလုံး ? မုန့်ထုတ် ? ပါကင် ?
ဘာကြီးလဲ ... "__________
" ... ဦး .... "
ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ခေါင်းငိုက်စိုက်ချရင်း
အသက်မဲ့သူတစ်ဦးလို ထိုင်နေတဲ့ ဦး က
ကျတော့်အသံကြားသည်နှင့် ဆက်ခနဲ မော့ကြည့်လာသည်။ဝေခွဲမရဟန် စိတ်ကျဉ်းကျပ်မှုအပြည့်နှင့်
ဦး ၏မျက်ဝန်းညိုတို့သည်
ကျတော့်ထံမှ ချက်ချင်းအကြည့်လွှဲရင်း ထိုင်နေရာမှ
ထွက်သွားတော့မည့် ဟန်ပြင်သည်။"သား ကို အဲ့လောက်တောင် မုန်းသွားပီလား ဟင် .. "
ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာသော မျက်ရည်တစ်စက်မှ အစပြု၍
ဦး ထံပါး၌ ကျတော့်ကျရှုံးခြင်းအား
ဝမ်းနည်းကြေကွဲစွာ မှတ်တိုင်ထူမိသည်။