Sold /7/

4.2K 503 23
                                    


[Zawgyi & Unicode]




အပြင်မှာ ဖိုးဖွဲလေးတွေကျနေတယ် ... ။

ကျတော် ပြတင်းတံခါးနားကို လျှောက်သွားလိုက်ပြီး
မိုးရွာတာကို ကြည့်နေလိုက်တယ် ။

ဟင် ... Jimin Hyung များလား ... ?

ကျတော့်ပုခုံးကို ခပ်ဖွဖွနှိပ်နယ်ရင်း ဆုပ်ကိုင်လာတဲ့ Jungkook ရဲ့လက်ချောင်းတွေကို
ကျတော့်လက်တွေနဲ့ ပြန်လည်အုပ်ကိုင်ထားလိုက်တယ်။

"ကိုယ်တောင်းပန်ပါတယ် ...  "

Jungkook က ကျတော့် လက်မောင်းပေါ်က
ဒဏ်ရာတစ်ချို့ကိုကြည့်ရင်း စိတ်မကောင်းစွာနဲ့
တောင်းပန်စကားဆိုတယ် ။

ကျတော်သူ့ကို စကားမပြန်မိဘူး ။

ခဏကြာတော့ သူက ကျောဘက်ကနေ ကျတော့်ခါးကို
တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ပုခုံးပေါ်မှာ
မေးစေ့လေးတင်ရင်း ကျတော်နဲ့အတူတူ မိုးရွာတာကို
ရပ်ကြည့်နေပြန်တယ် ။

"ကိုယ် တကယ်တောင်းပန်ပါတယ်ကွာ ... "

ပုခုံးစွန်းပေါ်မှာ စိုစွတ်လာတဲ့ အထိအတွေ့နဲ့အတူ
Jungkook ဆီက ငိုရှိုက်သံတိုးတိုးကို
ကြားလိုက်ရတာကြောင့် ကျတော် ပြာပြာသလဲလဲနဲ့
နောက်ကို အမြန်လှည့်ကြည့်လိုက်တယ်။

"So..sorry  Tae ... ကိုယ်နည်းနည်း
အတွေးလွန်သွားလို့ "

Jungkook က ကျတော့်ကိုမကြည့်ပဲ မျက်ရည်တွေကို
ကမန်းကတမ်း သုတ်ရင်း ပြောလာတယ် ။
ပြီးတော့ ဖက်ထားတာကို လွှတ်လိုက်ပြီး ကျတော့်ကို
ကျောခိုင်းထွက်သွားဖို့ ပြင်တယ်။

ဒီရက်ပိုင်းအတွင်း အေးစက်ပြီး ခံစားချက်မဲ့တဲ့အသွင်နဲ့ Jungkook အစား ကြေကွဲရိပ်အပြည့်နဲ့
စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ Jungkook ကိုပဲ မြင်ရတယ် ။

"Jungkook... "

ကျတော့်အနားကနေ လှည့်ထွက်သွားပြီဖြစ်တဲ့
Jungkook ဆီကို လျှောက်သွားလိုက်ပြီး မျက်ရည်စတွေကို သုတ်ပေးမိတော့ သူက ကျတော့်လက်တွေကို
အုပ်မိုးဆုပ်ကိုင်လာတယ် ။

"အတိတ်က ဖြစ်ပြီးတာတွေကို ပြန်မတွေးနဲ့တော့နော် ...
Jungkook အတွက် ခက်ခဲမယ်ဆိုတာ
ကျတော် သိပါတယ် .. ဒါပေမယ့် ကျတော်တို့ ဖြေးဖြေးချင်း
ကြိုးစားကြည့်ကြမယ်လေ  "

Vkook Short StoriesWhere stories live. Discover now