ဦး /2/

5.3K 582 30
                                    


[Zawgyi]

လုပ်ငန်းခွင်ဆိုင်ရာ schedule ပေါင်းစုံဖြင့်
မအားမလပ်ဖြစ်နေသည့်ကြားက
ဆယ်ကျော်သက်အရွယ် ခပ်ဆိုးဆိုးကောင်လေး
ထယ်ယောင်းအား ဂျူံးဂုတစ်ဦးတည်း မနည်းနိုင်အောင်
ထိမ်းသိန်းပဲ့ကိုင်ပေးနေရသည်။

မိခင်ဖြစ်သူ ဆုံးပါးသွားပြီးကတည်းက
ထယ်ယောင်းငယ်၏ တစ်ဦးတည်းသော
ခင်တွယ်အားကိုးရာမှာ ဂျူံးဂုသာလျှင်ဖြစ်ခဲ့၏။

ဂျူံးဂု၏ အမြင်တွင် ထယ်ယောင်းက
ဆိုးသည်လည်းမဟုတ်
လိမ္မာသည်လည်း မဟုတ် ။
အနည်းငယ် ဂျစ်ကန်ကန်နိုင်ပြီး
အဖိုးကြီးလေးလိုလဲ အရစ်သန်တတ်သည်ကလွဲလျှင်
အပြစ်ကင်းသည့် ကလေးလေးတစ်ယောက်ဟု
သတ်မှတ်တင်စားလို့ ရသည်အထိ
ထယ်ယောင်းက ဖြူစင်သည်။

ဖြူစင်သည် တဲ့ ... ။

ကျန်ရစ်ခဲ့သမျှ အတိတ်နေ့စွဲတိုင်းမှာ
အရောင်ရင့်ရင့်တွေ စွန်းထင်းခဲ့ပြီးသားဖြစ်တဲ့
ကိုယ့်နှလုံးသားတစ်စုံက တစ်ဦးတည်းသော
ကလေးငယ်ကိုတော့ တစ်သတ်လုံး ဖြူဖြူစင်စင်လေးပဲ
ချစ်သွားချင်ခဲ့မိရိုးအမှန်ပါ ... ။

အခုများတော့ ကလေးရယ် .... ။

မနက်ပိုင်းက အဖြစ်အပျက်ကြောင့် ဂျုံးဂု
ကလေးငယ်အား ထိပ်တိုက် မျက်နှာချင်းဆိုင်ဖို့ရာ မဝံ့ရဲ ။

ကိုယ့်ဘက်က တစ်ကြိမ်တစ်လေများ
ကလေးငယ် အထင်အမြင်လွဲမှားရလောက်အောင်
ကလေးငယ်ရဲ့ စိတ်တွေကို တစ်မျိုးတစ်ဖုံ
ထွေပြားဝေဝါး သွားရအောင်
တစ်စုံတစ်ရာ မရိုးမသားပြုမူမိခဲ့လေသလားလေ ။

တဒင်္ဂထက်ပိုလွန်ကာ ထိကပ်သွားခဲ့မိသည့်
အိစက်စက် နှုတ်ခမ်းနှစ်လွှာကြား
အသစ်အသစ်သော အထိအတွေ့ သာယာမှုတို့ကို
မက်မောတောင့်တစိတ် ခပ်ရေးရေးဖြင့်
အားမလိုအားမရ လောဘတက်မိခြင်းအား
ဂျူံးဂု အချိန်မီ ချွန်းအုပ်လိုက်ရသည်။

မဟုတ်ရင် ထိုကားပေါ်မှာတင် သူကိုယ်တိုင် ကလေးကို .... ။

သေချာတယ် ။
လောကကြီးကသာ ကိုယ်တို့တွေ ခန့်မှန်းထားသလောက်
မရှုပ်ထွေးခဲ့ဘူးဆိုရင် ... ကလေးငယ်ကို
ကိုယ့်အပိုင်အဖြစ် တစ်သတ်လုံး
သိမ်းထားပစ်လိုက်မိမှာ အမှန်ပဲ ။

Vkook Short StoriesWhere stories live. Discover now