ရွှေနန်းတော်ဝင်ရဲတိုက်
“ ကိုယ့်ချစ်နှင်းဆီလေး...”
“ ဒါကိုယ့်သားလေး...မိုးထက်မာန်ခွင်းလေ...”
“ သားလေး...ဒီမမလှလှက...ဖေ့သားလေး
အတွက်မေမေအသစ်...”
“ ဖေ့သားလေး...မမကို...”
“ မေမေ...မင်္ဂလာပါလို့နှုတ်ဆက်လိုက်လေ...”ဦးစစ်နိုင်ခွင်းတစ်ယောက် သူ့၏ဒုတိယ
အိမ်ထောင်ဖက်နှင့်သားဖြစ်သူအားမိတ်ဆက်ပေးလိုက်တဲ့အခါမှာတော့...“ မဟုတ်ဘူး...အဲ့ဒီ…မမကသားမေမေမ
ဟုတ်ဘူး....”
“ မိစ္ဆာမ...မိစ္ဆာမကြီးပဲ...”
“ မိစ္ဆာမ...နင်ငါ့အိမ်က
ထွက်သွား....သွား..ထွက်သွား...”
“ ငါ့အိမ်ကထွက်သွားလို့.....”
“ ပြောနေတာမကြားဘူးလားးးး…”ကျယ်လောင်ပြတ်သားတဲ့အသံနဲ့အော်ဟစ်မောင်းထုတ်နေတဲ့ငါးနှစ်မပြည့်သေးတဲ့
မိုးထက်မာန်ခွင်း၏မျက်ဝန်းအစုံကနေ
အပြာရောင်မီးတောက်တွေတောက်လောင်လာသလို...
သူ့ညာဘက်နားနောက်ဘက်ရှိ စင်္ကြာပုံမွေးရာပါ
အမှတ်အသားမှ အနီရောင်မီးတောက်တွေထ
တောက်လာတာကိုတော့…
လူသားအဖြစ်ဟန်ဆောင်ထားသူ
လူသားစားမိစ္ဆာမကြီးနှင်းဆီနက်သတိမထားမိလိုက်
ပေ။“ မဟုတ်မှလွဲရော ဒီကလေးငါ့ပုံရိပ်အစစ်ကိုမြင်
နေတာများလား...”
“ မဖြစ်နိုင်တာ...ဘယ်လိုမှမဖြစ်နိုင်ဘူး....”
“ငါ့လိုနှစ်တစ်ထောင်ကျင့်စဉ်အောင်ထားတဲ့သူရဲ့
ပုံရိပ်ကို...မြင်နိုင်ဖို့ဆိုတာ…”
“ အစွမ်းတအားမြင့်မှဖြစ်မှာ....”
“ အဟတ်...”
“ ဒီလက်တောက်လောက်လေးနဲ့တော့...”
“ ငါကိုက…ဘာတွေတွေးပူနေမိပါလိမ့်…”ငယ်ရွယ်သေးတဲ့ကလေးငယ်လေးမို့
လူစိမ်းကြောက်လို့ပြောချင်ရာပြောတာဖြစ်မှာပါလေလို့ စိတ်ထဲကနေပေါ့ပေါ့တန်တန်တွေးလိုက်မိတဲ့
နှင်းဆီနက်....“ သားလေး..မေမေဆီလာပါအုံးကွယ်....”
“ မေမေကလေ...သားလေးကိုသားအရင်း
တစ်ယောက်လိုချစ်ပေးမှာမို့...”
“ သားလေးလိုချင်တဲ့အရုပ်မှန်သမျှ...မေမေ့ကို
ပြော…”
“ မေမေအကုန်ဝယ်ပေးမယ်...”
“ ဟုတ်ပြီလား…”