ကျိန်စာပြယ် မျက်ရည် (or) Golden Dragon
Part.14
Writer - SaungAngel ( Author _ M )
“ မင်း…ဘာလုပ်တာလဲ…”
“ ငါ့ကိုလွှတ်…အွန့်…”ထိုလူဆိုးကြီးအား စကားဆက်ဆိုခွင့်မပေးတော့ဘဲ
ထိုလူဆိုးကြီး၏နှုတ်ခမ်းသားနီနီရဲရဲလေးကို…
သူ့နှုတ်ခမ်းသားဖြင့်ထိကပ်ပိတ်ပစ်လိုက်တဲ့
ကောင်းကင်ဝန်းရံ…“ အဲဒါ…ကျွန်တော့်ကိုကျောခိုင်းပြီးပဲ…စကား
ဆိုတတ်တဲ့ခင်ဗျားကြီးကိုအပြစ်ပေးတာ…”“ ငါဘယ်မှာ…မင်းကိုကျောခိုင်းပြီးစကားဆိုဖူး
လို့လဲ…”“ ဟက်…အလိမ်အညာစကားဆိုနေတဲ့…
ဒီနှုတ်ခမ်းလေးကိုအပြစ်ထပ်ပေးတာခံယူချင်နေပြန်
ပြီနဲ့တူပါ့…”ကောင်းကင်လည်း ထိုလူကြီး၏နှုတ်ခမ်းကို
သူ့လက်ညှိုးထိပ်ဖြင့်ထိကာ စကားဆိုလိုက်တဲ့အခါမှာတော့…“ မင်း…မင်း…လူကြီးကိုမရိုမသေဆက်ဆံတယ်…”
“ အဲ့တော့…မကျေနပ်ဘူးလား…”
“ မင်းးး…”
“ ပြောလေ…ဘာပြောချင်လဲပြောကြည့်…”
“ ပြီးရင်…စူနေတဲ့အဲ့နှုတ်ခမ်း…အပြစ်ပေးခံရဖို့
ပြင်ထား…”အရာရာကိုအမိန့်ပေးစေခိုင်းနိုင်တဲ့အပြင် မြင့်မား
သောမှော်စွမ်းအားတွေပိုင်ဆိုင်ထားသူ မိုးသက်ရှင်
တစ်ယောက်…
ထိုကောင်ဆိုးလေးရှေ့မှာတော့…
သခင့်ရင်ခွင်ထဲရောက်နေတဲ့ကြောင်ပေါက်လေးပမာလိုပင်ဖြစ်နေတဲ့အပြင်…
သူ့အစွမ်းဖြင့် ထိုကောင်ဆိုးလေးကို ဖမ်းချုပ်တားဆီးဖို့မလုပ်ရက်ဖြစ်နေတဲ့ သူ့ကိုယ်သူပင်အံ့သြသင့်မိနေ
ပေ၏။“ အယ်…တိတ်လှချည်လား…”
“ ပြောပါဆို…ကျွန်တော့်ကိုပြောချင်တာတွေရှိ
ရင်ပြောပါဆိုနေ…”
“ မြန်မြန်ပြောနော်…”
“ ဒီကကိုကိုက…စိတ်သိပ်မရှည်တတ်ဘူး…"“ ငင့်…”
“ ဘာငင့်တာလဲ…”
သူ့အားမျက်မှောင်ကြီးကြုတ်ကာကြည့်ရင်း
မေးလာတဲ့ထိုကောင်ဆိုးလေးကြောင့်…