ကျိန်စာပြယ် မျက်ရည်(or) Golden Dragon
Part.18
Writer - SaungAngel ( Author _ M )
ကြယ်တာရာအပေါင်းခညောင်းလို့ တိမ်ဟူသမျှစိုးစဉ်းမရှိတဲ့ ကောင်းကင်ကြီးအထက်က လပြည့်ဝန်းကြီးရဲ့
အသာကုန်ထွန်းလင်းတောက်ပနေသော…
ညကောင်းကင်ယံ၏အောက်က…
ငွေရောင်လှိုင်းကြက်ခွပ်လေးတွေလူးလွန့်ကစား
နေသောပင်လယ်ပြာကြီး၏နံဘေးမှာ
အတူယှဉ်ကာရပ်နေတဲ့ကောင်လေးနှစ်ယောက်၏ လိုက်ဖက်ညီမှုကအပြစ်ဆိုဖွယ်ရာပင်မရှိ။“ ကိုကိုရေ…”
“ ဗျာဗျာ့…”
“ သားကိုကတိတစ်ခုပေး…”
“ ကိုကို့ကလေးလေးက…ကိုကို့ဆီကနေ
ဘာကတိတွေများလိုချင်လို့တုန်း…"“ အခု…သား…ကိုကို့မျက်လုံးကိုအဝတ်စည်း
ပေးပြီးတော့…သွားချင်တဲ့နေရာတစ်နေရာရှိလို့…”
“ အဲဒါ…ကိုကိုကအစွမ်းမြင့်သူဆိုတော့လေ…
ကိုကို့မျက်လုံးကိုအဝတ်ဘယ်လိုစည်းထားစည်းထား…ကိုကိုကမကြည့်ဘဲမြင်နေရမှာဆိုတော့…”
“ ကိုကိုသာ…သားကိုချစ်ရင်လေ…
ကိုကို့အစွမ်းတွေလုံးဝထုတ်မသုံးဘဲ…သားခေါ်ရာ
နောက်လိုက်ပါ့မယ်ဆိုတဲ့ကတိပေးပါလား…ကိုကို…”ဘုန်းမြတ်လည်း အစွမ်းကို မလိုအပ်ဘဲ ထုတ်မသုံးတတ်တဲ့သူ့အကျင့်ကိုမသိရှာသော
ချစ်ရသူကလေးလေးကြောင့်…“ ကတိလည်းပေးတယ်…အနမ်းလည်းပေးမယ်…”
ချစ်ရသူကလေးလေး၏ နမ်းလေနမ်းလေ အငတ်မပြေတဲ့ နှုတ်ခမ်းသားလေးကို ခပ်ဖွဖွလေးနမ်းလိုက်တဲ့ ဘုန်းမြတ်မီးသျှံ…
“ ဟွန့်…”
“ ကိုကိုလူလည်ကြီး…”
“ ကတိတစ်ခုတောင်းမိတာ…သားနှုတ်ခမ်းပါ
လာနမ်းစရာလိုလားလို့…”ချစ်ရသူကိုကိုအနမ်းဘုရင်ကြီးအား ချစ်စဖွယ်
မျက်စောင်းလေးထိုးရင်း အပြစ်တင်စကားမမည်တဲ့
နွဲ့ဆိုးဆိုးတဲ့စကားကိုဆိုလိုက်တဲ့ ပင်လယ်ထက်စံ…“ သိဘူးကွာ…မလိုလည်းနမ်းတယ်…လိုရင်
ပိုပြီးနမ်းမယ်…”
“ ကိုကို့ခေါင်းထဲ…ကလေးကို…နှစ်ဆယ့်လေးနာရီ…သုံးရာခြောက်ဆယ့်ငါးရက်စလုံး…
နမ်းချင်နေတာပဲသိ…”