ကျိန်စာပြယ် မျက်ရည်(or) Golden Dragon
Part.17
Writer - SaungAngel ( Author _ M )
“ ကျွန်ုပ်သေမှ…အသင်အလိုရှိတဲ့…
ဆွဲကြိုးကိုရပေလိမ့်မယ်…”မှော်ကြေးမှုံကို နှစ်ကြိမ်တိုင်တိုင်စေခိုင်းနိုင်ဖို့ရာ
သူမသွေးတွေသုံးထားရတဲ့အပြင်…
နဂါးဖြူနတ်ဘုရားမရဲ့တိုက်ခိုက်မှုကိုခံထားရတာမို့…
မှော်ကြေးမှုံကို ထပ်မံစေခိုင်းနိုင်ဖို့ရာအခုချိန်မှာ အစွမ်းမလုံလောက်နေပြီဖြစ်တဲ့ နှင်းဆီနက်တစ်ဖြစ်မဟူရာသခင်မက…
သူမ၏သားဖြစ်သူလည်ပင်းမှာ သူမကိုယ်တိုင်ဆွဲထားပေးတဲ့ မဟူရာအသက်ဆက်ကြိုးကိုယူဖို့ရာ…
ထိုစံအိမ်အနီးက မြေကွက်လပ်ပေါ်မှာ မလှုပ်မယှက် လှဲကာအိပ်ရင်း သတိမေ့နေတဲ့ပုံပေါ်သော
သားဖြစ်သူဆီသို့အလာ…
သူမအား ဟန့်တားလာတဲ့ ထိုနတ်ဘုရားကြောင့်…“ ကောင်းပြီလေ…”
“ အသင့်စကားအတိုင်း…အသင့်ကိုလုပ်ပေးရမှာပေါ့…”သူမလက်မှ အမည်းရောင်မီးခိုးလုံးကြီး
ကိုထုတ်လိုက်ကာထိုနတ်ဘုရားဆီသို့
ပစ်ထည့်လိုက်ပေမယ့်…
ထိုနတ်ဘုရားက သူ့ရွှေရောင်လှံရှည်ဖြင့်
ခုခံကာကွယ်ကာ…
သူမ၏အမည်းရောင်မီးခိုးလုံးကို ဖြိုခွင်းလိုက်လေတော့…“ အသင့်အစွမ်းလည်း…မသေးသားပဲ…”
“ ဒီတစ်ခါရော…အသင်စွမ်းနိုင်အုံးမလားဆိုတာ…ကြည့်ကြရသေးတာပေါ့…”သူမနှုတ်မှနေ အောက်လမ်းဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်သည်နှင့်…
သူမလက်နှစ်ဖက်မှ များပြားလှတဲ့
အဆိပ်ဓားပျံတွေထွက်လာကာ
ထိုနတ်ဘုရားဆီ ပစ်လွှတ်လိုက်တဲ့အခါမှာတော့…“ အင့်…”
သူမ၏ များပြားလှတဲ့အဆိပ်ဓားပျံတွေကို
ထိုနတ်ဘုရားက သူ့ရွှေရောင်လှံရှည်တစ်ချောင်း
တည်းနှင့်ပင်…
သူမပစ်လွှတ်လိုက်တဲ့ အဆိပ်ဓားပျံမှန်သမျှကို
ခုခံကာကွယ်နေတဲ့အချိန်မှာ…
ယုတ်မာကောက်ကျစ်တတ်တဲ့ သူမ၏အကျင့်အတိုင်း
သူမလက်မှာချန်ထားတဲ့ အဆိပ်ဓားပျံတစ်ချောင်း
ကို…
ထိုနတ်ဘုရား မသိအောင် ရုတ်တရက်ပစ်လွှတ်ကာ တိုက်ခိုက်မှုပြုလိုက်တဲ့အခါမှာတော့…
ထိုအဆိပ်ဓားပျံက သူမအားဟန့်တားသူ
နတ်ဘုရား၏ရင်ဝတည့်တည့်ကို စိုက်မှန်ကာသွား
လေတော့၏။