1 ( Z+U)

16.6K 823 43
                                    

"ထွဋ်ခေါင်မင်း .. ဪ ... သားလေးက ဦးဝဏ္ဏထွဋ်ခေါင် ရဲ့သားလား .."

လည်ပင်းက ကဒ်ပြားကို ကြည့်ပြီး ပြောလာတဲ့ ဆရာမရဲ့ စကားကို ရိိုသေစွာဖြင့် ခေါင်းငြိမ့်ဖြေလိုက်သည်..   'လူကြီးစကားပြောနေရင် ပြန်မပြောရလို့' အဖေ ကသင်ထားတဲ့ အတွက် ထွဋ်ခေါင်လေး တစ်ယောက် သူစကားနဲ့ ဖြေလိုက်ရင် ဆူခံထိမှာ ကြောက်မိ၏ ..

"ဒီမှာ ဘာလုပ်နေတာလည်းသားလေး .. သားအခန်းမသိလို့လား .."

ဘယ်လိုလုပ်ရမလဲ .. ပြန်မပြောရဘူး ပြောထားပေမဲ့ .. မေးနေတာကို မဖြေရင် ရိုက်မလားမသိဘူး .. ဆရာမက ဝဝကြီး ..

ထွဋ်ခေါင်လေး တစ်ယောက် ပြန်မဖြေဘဲ လျှောက်လမ်းဘက် ကိုလှမ်းမျှော်နေတော့ ရှေ့ကရပ်နေတဲ့ ဆရာမက ထပ်ပြောပြရော ..

"သားလေး ... ဆရာမမေးတာ .. ဖြေဦးလေ.."

"ဆရာမကြီး .. !! "

စိတ်ရှုတ်နေချိန် ထွက်ပေါ်လာသည့် အသံလာရာစီကို ထွဋ်ခေါင်လေး ရော ဆရာမကြီးပါ အကြည့်ပို့တော့ လျှောက်လမ်း လမ်းမထက် ခပ်သွက်သွက်လာနေသော ကိုကို့ ကိုတွေ့လိုက်ရ၏.. ထွဋ်ခေါင်လေး အလွန်ပျော်ရွှင်သွားကာ သွားပေါ်သည့်ရီပြကာ လက်ဝှေ့ရမ်းပြလိုက်၏ .. ကိုကို့ထက်အများကြီးပုသော ထွဋ်ခေါင်လေးကို ကိုကို မြင်သာစေရန်.. ကိုကိုက ထွဋ်ခေါင်လေး ကို တစ်ချက်သာကြည့်၍ ဆရာမကြီး ကိုပြုံးပြနှုတ်ဆက်လိုက်၏ ..

"မင်္ဂလာပါ ဆရာမကြီး ကျွန်တော့်ညီလေး နှောင့်ယှက်ပေးနေပြီနဲ့ တူတယ် .. "

"ဘယ်သူများလည်းလို ့သီဟထွဋ်ခေါင်ပဲကိုး .. ဒီကလေးလေးက သီဟ ရဲ့ညီလေးထင်တယ် .. အသက်တော်တော် ကွာတာပဲနော် .."

သိပ်တော့နားမလည်ပေမဲ့လည်း ထွဋ်ခေါင်လေး အကြောင်း ပြောနေမှန်းတော့သိသည် .. လုပ်စရာမရှိ၍ တနေ့က မမ ဝယ်ပေးထားတဲ့ ပါဝါရိန်းကျား အရုပ် လေးပါတဲ့ ကျောပိုးအိတ်ကြိုးလေးကို တင်းတင်းဆွဲကာ ကိုကို နဲ့ဆရာမ တို့ကို မော့ကြည့်ရင်းရီပြလိုက်၏ ..

"ဟုတ်တယ် ဆရာမကြီးရဲ့ ကျွန်တော် အစည်းအဝေးရှိလို့ ကျောင်းလာတုန်း ညီလေးကို ခေါ်လာတာ .. ကျောင်းလိုက်အပ်ပေးမလို့ .. အသိတွေ့တာနဲ့ ဒီမှာ ခဏ စောင့်ခိုင်းထားတာ .."

Tell Me You'll F**k MeWhere stories live. Discover now