Final Part II
"အောင်မလေး.. ပေါ်လာသေးတယ်နော်.. ထူးထူးဆန်းဆန်း တစ်လမှာ နှစ်ခါတောင် ပေါ်လာတယ်ဆိုတော့.. ထီထိုးရမယ်.. "
ရုံးခန်းထဲ ဝင်လိုက်တာနဲ့ ထွဋ်ခေါင်မင်း၏ အတွင်းရေးမှူးမှာ ရုံးတက်လာသော သူ့ကိုချီးကျူးထောပနာပြု၏.. ထွဋ်ခေါင်မင်းသည် မျက်စောင်းထိုးရုံမှလွဲရင် ကျန်တာဘာမှမပြော..
ခုံပေါ်ထိုင်လိုက်တာနဲ့ သူမရှိတဲ့အတောအတွင်း အပြောင်းအလဲ ၊ ဆုံးဖြတ်ချက်များကို ရေးထားသော အစီအရင်ခံစာများက အထပ်လိုက်တင်ထား၏.. မမြင်သလိုဖြင့် ထွဋ်ခေါင်မင်းသည် စာရွက်များကို ဘေးတွန်းကာ သူလာရတဲ့ အဓိက ရည်ရွယ်ချက်ကို စလိုက်၏..
"အငုံ.. ငါပြောတဲ့ ရှယ်ယာတွေ ဝယ်ထားလိုက်လား.. ?"
"Wood group ရဲ့ဟာတွေလား ဝယ်ထားတယ်.. ဒါပေမဲ့ ကျွန်မ ထင်တာတော့ အရှံူးပေါ်လေ့မယ်.. ဒီရက်ပိုင်း သူတို့ သတင်းတွေက မကောင်းဘူး.. "
ထွဋ်ခေါင်မင်းသည် အားရကျေနပ်သွားသော အပြုံးဖြင့် ပြုံးလိုက်ကာ သူ့အတွင်းရေးမှူးကို ကြည့်လိုက်၏.. သူ့အတွင်းရေးမှူးမလေးသည် ရှယ်ယာကစားရသော အမှုကို အလွန်အမင်း ခုံမင်သည်.. လုံလောက်သော ငွေကြေးမရှိ၍သာဝါသနာကို ချိုးနှိမ်ထားရခြင်းဖြစ်သည်..
"အငုံ... မင်းကို အဲဒီ့ ရှယ်ယာ အကုန်ပေးမယ်.. ငါ့ကို ကစားပေး.. "
အတွင်းရေးမှူးမလေး၏ မျက်လုံးမှာ တစ်လက်လက် တောက်ပသွား၏..
"တကယ်လား.. ဟီးဟီး.. ရတယ်လေ.. နှစ်ဆ လိုချင်လား သုံးဆလိုချင်လား.. ကြိုက်တာပြော.. "
ပြုံးလုံးဆို့နေသည့် မျက်နှာဖြစ်နေသော သူ့အတွင်းရေးမှူးကို ထွဋ်ခေါင်မင်း ပြုံးပြလိုက်၏..
"မဟုတ်ဘူး.. ငါ့ကို ရှံူးအောင်ဆော့ပေး.. "
"ဘာ...!! "
ကြုံးအော်လိုက်သော အငုံကြောင့် ထွဋ်ခေါင်မင်း နားလေး ပိတ်လိုက်ရ၏.. မသိရင် သူက သူဌေး ထွဋ်ခေါင်မင်းက ဝန်ထမ်းနှင့် တူနေ၏.. အစအဆုံး အားကိုးရသော သူသာ မဟုတ်လျှင် ထွဋ်ခေါင်မင်း အလျော့ပေးဖြစ်မှာမဟုတ်.. ထွဋ်ခေါင်မင်း၏ ငွေဖြူရသည့် လုပ်ငန်းမှန်သမျှက အငုံကိုသာအားထားနေရတာကြောင့် သူသည်းခံရ၏..
![](https://img.wattpad.com/cover/188460507-288-k928301.jpg)
ESTÁS LEYENDO
Tell Me You'll F**k Me
RomanceLoving someone is too boring... Why don't we just Fuck ..