9 (Z+U) ⚠️

7.7K 453 40
                                    

Unicode

"Party အတွက် တီးဝိုင်းဌားမှာလား.. ? celebrities တွေကော ဘယ်နှယောက်ခေါ်မှာလည်း.. ?"

"မသိဘူးကွာ.. အငုံ ကြိုက်တာသာ လုပ်လိုက်.. "

ရှုံ့တွနေတဲ့ မျက်နှာ ဖြင့် ထွဋ်ခေါင်မင်း ခုံနောက်မှီပေါ် လှဲချလိုက်သည်.. သူစိတ်မကြည်.. လုံးဝကို စိတ်မကြည် ဘာဆိုဘာမှ ကိုမှ အမြင်မကြည်..

ထွဋ်ခေါင်မင်းကို ပြန်ပြောရန် သူ၏ အတွင်းရေးမှူးလေးက ပြင်လိုက်ပါသော်လည်း.. မျက်နှာကြီး မဲကာ ဆူပုတ်နေတာကြောင့် ပြောမနေတော့ဘဲ အကူအညီ မရမဲ့ တူတူ company ရဲ့ပွဲကို စီစဉ် ပြင်ဆင်ရန် သူအခန်းထဲမှာနေထထွက်သွားသည်..

အခန်းထဲ တစ်ယောက်ထဲ ကျန်ခဲ့မှ ထွဋ်ခေါင်မင်းအတွက်ပိုဆိုးသွားသည်.. အိမ်မှာအေးဆေး အိပ်နေတာကို အလုပ်လာရန် အတင်းခေါ်ခံရသည်.. အခုကျပြန်တော့လည်း ပစ်ထားခံရသည်..

အလုပ်စားပွဲပေါ် ခြေထောက်တင်ကာ necktie ကိုဖြေလျှော့ပြီး ထွဋ်ခေါင်မင်း မျက်လုံးမှိတ်ချလိုက်သည်..

သူ့မျက်လုံးထဲဝင်လာတာက မိုးရေတွေကို ဖြတ်သန်းပြီး မတ်တပ်ရပ်နေသော John ရဲ့ မျက်နှာ..

မျက်လုံးတို့ကို ဖြေးဖြေးချင်းပြန်ဖွင့်လိုက်သည်..

ထွဋ်ခေါင်မင်း အနေနဲ့ တစ်စုံတစ်ယောက်က သူ့ကြောင့် နာကျင်သွားတာမျိုး စိတ်ထိခိုက်သွားတာမျိုး ကသူ့အတွက်ဘာမှမဟုတ်..အရေးမပါ...

ဒါပေမဲ့ ထိုသို့ ခံစားချက်မျိုးခံစားနေရချိန် မှာ သူ့ကိုရီပြနေသော လူမျိုးကိုတော့ သူမမြင်ဘူးခဲ့..

John ထံလက်ဆောင် ပို့ပေးပြီးတစ်ပတ်လောက်ကြာတော့ သူbar တစ်ခုမှာထိုင်ဖြစ်သည်.. အဲဒီ့နေ့ညက အချိန်ခါ မဟုတ် မိုးတွေရွာနေသည်.. ထုံးစံတိုင်း ကောင်မလေး တစ်ယောက်ကို သူခေါ်ကာ အခန်းငှားဖို့ ပြန်ထွက်တဲ့အချိန်မှာ သူ့လက်ကို လူတစ်ယောက်က ဖမ်းဆွဲထားသည်..

counter uniform မဝတ်ထားသော John ကသူ့လက်ကို ဖမ်းဆွဲကာ ကိုင်ထားသည်.. သူ့၏ မျက်လုံးပြာပြာတွေမှာ ခံစားချက်ပြည့်တဲ့ အငွေ့တွေ ဖျတ်ပြေးနေသည်.. ထိုကောင်လေးမှာ မိမိ အပေါ် အတည်ကြီးတွေ ဖြစ်နေသည့်အတွက် ထွဋ်ခေါင်မင်းရီချင်သွားသည်.. ဘာတွေများ Drama ချိုးမလဲ စောင့်ပေးပေမဲ့ သူက ပြောမထွက်သော အကြည့်တို့နဲ့သာ စိုက်ကြည့်နေသည်..

Tell Me You'll F**k MeWhere stories live. Discover now