7 (Z+U)

5.7K 444 26
                                    

Unicode

" Black Wood က အဆက်အသွယ် လိုချင်နေတယ်ပြောတယ်.. "

နာရီပတ်နေတဲ့ ထွဋ်ခေါင်မင်း ရပ်တန့်သွားကာ စပီကာ ဖွင့်ထားသော ခပ်လှမ်းလှမ်းက ဖုန်းကို ကြည့်လိုက်သည်..

"ငြိမ်နေပါတယ် ထင်နေတာ.. တစ်စခန်း ထပြန်ပြီပေါ့.. ဟက်.. ဆက်ကြည့်ထား ထူးမှပဲဖုန်းဆက်တော့.. "

"ဟုတ်ကဲ့.. "

လေလှိုင်းထဲမှ ဖုန်းလေးကျသွားတဲ့ အခါ ထွဋ်ခေါင်မင်း စားပွဲပေါ်ရှိ Laptop ကိုဖွင့်လိုက်သည်.. ပို့ထားသော အချက်အလက်တို့ကို ပြန်ရှာနေရင်း Black Wood ရဲ့ Family အကြောင်းရောက်တဲ့အခါ mouse ရွေ့နေတဲ့ သူ့လက်တို့ ရပ်သွားသည်.. ရေးသားထားသော စာနှင့် မိသားစု ဓာတ်ပုံတစ်ခုကို ကြည့်နေရင်း သူပြုံးလိုက်သည်..

ထို့နောက် ခပ်လှမ်းလှမ်းရှိ ဖုန်းထံပြန်သွားကာ ခုဏကမှ ချသွားတဲ့ ဖုန်းကိုပြန်ခေါ်လိုက်သည်..

"Black Wood.. အဲက ကောင်မလေးအကြောင်း စုံစမ်းထား.. အာ.. မဟုတ်ဘူး.. အဲ့ကောင်မလေး ဒီည ဘယ်မှာ ရှိမလဲ ဆိုတာ ငါ့ကို ပြန်ပြော.. "

တစ်ဖက်စီမှ အဖြေစကား မစောင့်ဘဲ သူဖုန်းချလိုက်သည်.. ဖုန်းကို လက်ထဲမှ ကိုင်ထားရင်း သူ့ခေါင်းထဲ ဘယ်လို ဇာတ်ညွှန်းတို့ကို ရေးသား နေသည်ဆိုတာ ထွဋ်ခေါင်မင်း သာလျှင်သိနိုင်ပေမည်..

-------------------------------------------

(read while play along the song in media , I mean if you want to... 🤪 )

100 ways..

အောက်ထပ်တွင် တောင်းဆိုသောသူများနေသော ကြောင့် ထပ်ခါထပ်ခါ ဖွင့်နေသည်.. ကလို့ကောင်းသော သီချင်းမျိုးတော့ မဟုတ်ပေမဲ့ fuckboy ကိုမှကြိုက်ကျသော အမျိုးသမီးထု ကတော့ ထိုသီချင်းအပေါ် စီးမျှောနေကြ၏..

လက်တစ်ချောင်းတောင်မလှုပ်ချင်သော ထွဋ်ခေါင်မင်းက ပတ်ဝန်းကျင်ကို ခဏမေ့ထားသည်.. မျက်လုံးမှိတ်ကာ သေရည်သေရက်၏ စည်းစိမ်ကို ခံစားနေသည်..
သူနှင့်အတူပါလာသော လူတွေက ဘယ်စီရောက်ကုန်ပြီလဲသူစိတ်မဝင်စားတော့..

ထိုအခိုက် ၄၅ ဒီဂရီ နီးပါးလောက်ဖြဲထားသော သူ့ပေါင်နှစ်ဖက်ကြားထဲ လက်တစ်ချောင်းဝင်လာသည်.. မျက်လုံးကို ပြူးပြဲပြီး ဖွင့်ကြည့်တော့ နှာခေါင်းရိုးထက် မှဲ့နက်လေးတစ်ပွင့်ဖြင့် နီရဲရဲ နှုတ်ခမ်းနီကို ဆိုးထားသော ကောင်မလေးတစ်ယောက်ဖြစ်နေသည်.. 

Tell Me You'll F**k MeWhere stories live. Discover now