11 ⚠️ (Z+U)

7.3K 446 20
                                        

Unicode

steak ကိုလှီးဖြတ်နေရင်း ထွဋ်ခေါင်မင်း ရှေ့က John ကိုမော့ကြည့်လိုက်၏..  ထို့နောက် သဘောတကျပြုံးကာ ကျန်နေသေးသော နောက်ဆုံးအပိုင်းကို အပြီးဖြတ်ပြီးနောက် ပြင်ဆင်နေဆဲ John ပန်းကန်ဖြင့် လဲယူလိုက်သည်.. 

John က မော့ကြည့်ကာ ပြုံးလျက် ခေါင်းခါသည်..

"မလိုပါဘူး Honey ရာ ကျွန်တော် လှီးတတ်ပါတယ်.. "

ဝိုင်တစ်ငုံ့ ငုံ့လိုက်ရင်း ထွဋ်ခေါင်မင်း ပြန်ဖြေသည်.. 

"စကားမများနဲ့စား ဒီနေ့က မင်းမွေးနေ့လေ.. "

John ကရီလျက် ထွဋ်ခေါင်မင်း လှီးပေးထားသော နီနီရဲရဲအသားတစ်စိတ်ကို ခက်ရင်းဖြင့်ထိုးကာ ယူစားပြသည်.. 

နာမည်ကြီး Hotel တစ်ခု၏ စားသောက်ဆိုင်တစ်ခုကို နာရီအချို့စာ အပြီးငှားထားတာကြောင့် ဆိုင်အကျယ်ကြီးထဲ၌ ထွဋ်ခေါင်မင်းတို့နှစ်ယောက်သာရှိသည်.. 

John ၏ဘားမှာ ကတောက်ကစဖြစ်ပြီးထဲက သူတို့မတွေ့ဖြစ်သေး..  ဒီနေ့သူ့မွေးနေ့ဖြစ်တာကြောင့် တွေ့ချင်တယ်ဟူ၍ ဖုန်းဆက်ချိန်းဆိုလာမှ သူတို့ဆုံမိသည်.. 

ဒီနေ့ ထွဋ်ခေါင်မင်း စိတ်ကြည်နေ၏.. ထို့ကြောင့် မွေးနေ့ရှင်ကို အစားဖြင့် ကောင်းကောင်းပြုစုပေးမည်ဟုလည်းစိတ်ဆုံးဖြတ်ထားသည်..

"John.. "

John ကသူ့ခေါ်သံကြောင့် အသားတစ်ပိုင်းစားရင်း မော့ကြည့်၏..

"မင်း.. လက်ရှိဘားမှာ လုပ်တာကြာပြီမလား.. "

"အင်း.. ကြာပြီ ၂ နှစ်လောက်တော့ရှိပြီထင်တယ်.. ဘာလို့လည်း Honey.. "

ထွဋ်ခေါင်မင်း ဝိုင်တစ်ငုံထပ်ငုံလိုက်ကာ ခေါင်းခါပြလိုက်၏.. ထို့နောက် ပေါ့ပေါ့ပါးပါးဖြင့်သာ မိမိ စိတ်ကူးကို ပြောပြလိုက်၏..

"ကိုယ်ပိုင် မဖွင့်ချင်ဘူးလား.. ငါ့အသိ တစ်ယောက်က နိုင်ငံခြား အပြီးပြောင်းမယ်ပြောတယ် သူ့ဆိုင် လက်လွှဲယူလိုက်လို့ရတယ်.. ဘယ်လိုလည်း စိတ်ဝင်စားလား.."

John ကဘာမှပြန်မပြောဘဲ ထွဋ်ခေါင်မင်းကိုသာ ပြုံးလျက်စိုက်ကြည့်နေ၏..

Tell Me You'll F**k MeDonde viven las historias. Descúbrelo ahora