Unicode
(Notice : Alex ၏ Ex နဲ့ပတ်သတ်ပြီး ဖြေရှင်းသည့်အခန်းများ ၊ ခန်သူရိန်နှင့်ထွဋ်ခေါင်မင်း သီးသန့်တွေ့ဆုံသောအခန်းများ ကို Tell me you love me (Chapter 30-32 ) တွင်အသေးစိတ်ပြန်ဖတ်နိုင်ပါတယ်.. ဒီ story မှာတော့ ထိုအခန်းများကို ကျော်သွားပါမည်နော် )
________________________________________________
warning : rough words and also some adult scene ( you know what I mean.. right.. 😏)
-------
တူတောင်မောင်ဖြစ်သူ Alex နှင့် ဦးလေးတော် တို့ တစ်ခွက်တစ်ဖလားချပြီးနောက် ထွဋ်ခေါင်မင်း သူ့ကားကို Bar တစ်ခုထံ ဦးတည်နေမိသည်..
အခုလေးတင် Alex နှင့် တူတူ သူ့ကိုယ်ပိုင် Bar မှ ထလာခြင်းဖြစ်သော်လည်း သူတစ်ခြား Bar တစ်ခုစီ သွားနေသည်..
နီယွန် မီးတို့ဖြင့် ရေးထိုးထားသော Bar ၏ ဆိုင်းဘုတ်ကို ကြည့်ရင်း ထွဋ်ခေါင်မင်း စဉ်းစားနေသည်..
သူဘာလို့ထို Gay Bar ကိုလာရသနည်း..?
Alex ကိစ္စ ဝိုင်းကူပေးရန်အတွက် ထိုGay Bar ကို လွန်ခဲ့သော ရက်သတ္တပါတ်က လာခဲ့သည်မှန်သော်လည်း Alex ကိစ္စတို့က ပြီးသွားပြီလေ.. သူက ဘာကိစ္စနဲ့ ဒီကို စိတ်ရောက်နေတာလည်း..
ဘာပဲဖြစ်ဖြစ် တွန့်ဆုတ်တွေဝေနေတာက ထွဋ်ခေါင်မင်း style မဟုတ်၍ သူဆုံးဖြတ်ချက်တစ်ခုကို အမြန်ချရမည်..
ဝင်မလား.. မဝင်ဘူးလား..
ဟိုဘက်ဒီဘက် စိတ်ထဲမှာ လွန်ဆွဲပြီးတဲ့ ကားထဲရှိ ထွဋ်ခေါင်မင်း မျက်ခုံးတစ်ဖက်ပင့်လိုက်သည်.. ဤကား ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း အရိပ်အမြွက်ပင်..
သူကားကို ဆက်ပြန်နှိုးလိုက်သည်.. မှောင်မှောင်မဲမဲ လမ်းမ သည် စက်နှိုးလိုက်သဖြင့် ကားမီးက ထွန်းလင်းသွားသည်.. ပလက်ဖောင်းရှိ လူတစ်ချို့စီမှ အာရုံစိုက်ခြင်းကိုလည်းခံလိုက်ရသည်..
YOU ARE READING
Tell Me You'll F**k Me
RomanceLoving someone is too boring... Why don't we just Fuck ..