🐰Final🐯

17.6K 1K 33
                                    

#Unicode
အိပ်နေရင်းဆံပင်အဆွဲခံနေရသောကြောင့်လူကလန့်နိုးလာခဲ့သည်......အစကအိမ်မက်လိုလိုဘာလိုလိုထင်ပေမယ့်နောက်မှတကယ်အဆွဲခံနေရမှန်းသိသည်......သူမျက်လုံးဖွင့်ကြည့်တော့သူ့ရဲ့ချစ်စရာကောင်းသောသားလေး Taeguk လေး.........၉လထဲဝင်နေပြီမို့အောက်သွားလေးတွေပေါက်ကာထိုင်တတ်သောအရွယ်လေးဖြစ်နေပြီဖြစ်သည်......မနက်companyသွားရမှာမို့အရမ်းအိပ်ချင်နေပေမယ့်ကလေးကသူ့ဆံပင်အားဆော့စရာထင်ကာဆွဲနေခြင်းကြောင့်သူ့မှာဆက်မအိပ်နိုင်.......hyungကိုကြည့်တော့ဟောက်တောင်ဟောက်နေသည်..........သူလည်းမန်ှိုးရက်သည်မို့သားလေးအားကောက်ပွေ့ကာ........

"သားသားလေးရေပြန်အိပ်ပါတော့ကွယ်daddyချော့သိပ်မယ်......အိပ်တော့နော် "

သူပြောတော့သားလေးကမျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်ကာတခစ်ခစ်ရယ်လေသည်.......ကလေးကအိပ်ချင်သည့်ပုံမပေါ်အလွန်တက်ကြွနေပေမယ့်သူ့မှာတော့မျက်စိကြီးကအိပ်ချင်သည့်ကြားကအတင်းပြူးထားရ၍မျက်ဖြူလန်သလိုပင်ဖြစ်နေသည်......

"Taeguk လေးရေ daddy ချော့......ဝါးးး.. .....အား....လား....လား....."

တကယ်တကယ်သူမရတော့ဘူးအိပ်ချင်စိတ်ကဂိတ်ဆုံးနေ၏.........ထို့နောက်ခုံလေးတွင်ခဏထိုင်တော့.....

"ဝါးးး ဝါးးး ဝါးးး "

ကလေးရဲ့ငိုသံကကျယ်လောင်စွာထွက်ပေါ်လာလေသည်.......သူ့မှာhyungနိုးမှာလည်းစိုး၍မတ်တပ်ရပ်ကာကလေးအားလှုပ်လှုပ်လှုပ်လှုပ်နှင့်ထပ်ချော့ရသည်.........သူမတ်တပ်ရပ်ပြီးလှုပ်ပေးမှကိုယ်တော်ချောလေးကလည်းအငိုတိတ်တော့သည်......

"အံမယ် ဒါdaddyထိုင်တာမကြိုက်ဖူးဆိုတဲ့သဘောပေါ့လေ.......ဟုတ်လား သားလေး....ဟင်.....ပူတူးတူးလေး...."

သူပြောတော့သားလေးကတခစ်ခစ်နဲ့ထရယ်လေသည်......သူလည်းကလေးရယ်တော့မငိုဘူးအထင်နှင့်ထပ်အထိုင်......

"ဝါးးး ဝါးးး ဝါးးး......"

ကလေးလေး ကဆိုးဆိုးဝါးဝါးထပ်အော်လေသည်......သူ့မှာလည်းအမြန်ပြန်ထကာကလေးအားထပ်လှုပ်ရလေသည်.......နာရီကိုကြည့်တော့မနက်၂နာရီ.......... hyungကိုပြန်ကြည့်တော့အိပ်နေတာလေးကသိုးလို့......ဒီအချိန်hyungနိုးလာရင်တော့သူ့လောက်ပျော်တဲ့သူရှိမှာမဟုတ်တော့ချေ..........သားလေးကဘာလို့အဲ့လောက်ငိုနေတာလဲ......သူအကြံရကာနို့ဗူးဖျော်လိုက်သည်.......ထို့နောက်သားလေးအားတိုက်ကာခုံတွင်ခဏထိုင်လိုက်သည်.........ကိုယ်တော်ချောလေးကနို့ဗူးစို့နေတာအကောင်း.....သူထိုင်မှနို့ဗူးလွှတ်ကာထငိုလေသည်.......

With You🐰🐯 [Completed]Where stories live. Discover now