အနာဂတ်ငယ်(၁၃)

1.9K 158 8
                                    

တိတ်ဆိတ်နေသော အခန်းကျယ်ကြီးထဲက သားအဖနှစ်ဦး!

တစ်စုံတစ်ခုပြောကြားလာမည်ကို စောင့်နေသည် ဒါဒါ !

ဖခင်ဖြစ်သူ သူဌေးကြီးမှာလည်း ချစ်သမီးလေးရဲ့
လိုအင် ဟူသမျှ ဖြည့်ပေးခဲ့သလောက် ဒီတစ်ခါ အခက်ကြီးကြုံနေရသည်မို့!

သမီးဖြစ်သူသဘောကျသမျှအရာရာတိုင်းကို လက်ဝယ်ပိုင်နိုင်အောင် လုပ်ပေးခဲ့သည်ချည်း!

တစ်ဦးတည်းသောသမီးလေးရဲ့ယခုလိုအင်က သက်ရှိလူသားဖြစ်နေသည့်အပြင်၊နာမည်ကျော်ကြားမျိုးရိုးဂုဏ်မြင့်မားနေတဲ့လူတစ်ဦးဖြစ်နေသည်မို့အခက်တွေ့နေလေသည်!

မိမိတစ်ဦးတည်းလုပ်လို့မရသည့်အပြင်နီးစပ်ရာအကူညီတောင်းမယ်ဆိုရင်ဖြင့်....!

"ဖေ့ချစ်သမီးလေး စိတ်မပူပဲ အေးဆေးနားနေတော့ ဒီဖေက ချစ်သမီးလေးကို ကူညီမယ် ဒါပေမဲ့ ကတိတစ်ခုတော့ပေးရမယ် သမီးလူဆီမှာချစ်သူရှိတယ်ထင်တယ်လို့ပြောလာတော့ သူ့ချစ်သူထက် ဖေ့သမီးလေးကိုရွေးမယ်ဆိုရင် ဝဲလ်ကမ်း ဒါမှမဟုတ်ပဲ သူ့ချစ်သူကိုပဲရွေးသွားမယ်ဆိုရင် ဖေ့သမီးလေးက ရှေ့ဆက်မတိုးရဘူး ဘယ်လိုလဲ ကတိပေးလား"

"ကတိ!!"

_______Little Future_________

လုပ်ငန်းပါတနာတစ်ယောက်ရဲ့အကူညီတောင်းမှုအောက် အလုံးစုံအာမ မခံလိုက်ပေမဲ့ အပန်းဖြေအိမ်မှာတည်းခွင့်ကိုပေးလိုက်ပါသည်!

Chaing Maiကသားတော်မောင်ဆီလှမ်းပြောတော့သားကလည်းတစ်နေကုန်အပြင်ထွက်နေတာကြောင့်အနေမခက်ပါဘူးပါးဆိုပီးအကြောင်းပြန်လေတော့အဆင်ပြေသွားလေသည်!

တစ်ခုတော့အဆင်ပြေသွားလေပီ၊တောင်းဆိုချက်နောက်တစ်ခုအတွက် ကူညီသင့် မကူညီသင့် ပြုလုပ်ဖို့ရာ Actorတွေနဲ့ချုပ်ဆိုထားသော စာချုပ်တွေကိုတစ်ခုမကျန်ရှာပုံတော်ဖွင့်ရပါတော့သည်!

မင်းသမီး သဒ္ဒါ နှင့်မည်သည့်အကျိုးတူပူးပေါင်းဆောင်ရွက်မှုမျိုးမှမလုပ်နိုင်ပါ!

တစ်ခါတစ်ရံမှာအလုပ်နဲ့Personalရောထွေးသလိုဖြစ်တဲ့စာချုပ်ချုပ်ဆိုမှုတွေက Companyကိုထိခိုက်စေတာရှိတာမို့!

အနာဂတ်ငယ် (အနာဂတ်ငယ်)Where stories live. Discover now