ပါးလွှလွှတိမ်ရဲ့ ပူအိုက်သောညတွေပေါ့ဟန်နာ
လေတိုက်တိုင်းခပ်ယဲ့ယဲ့မို့ မလွင့်ပဲပြိုကွဲခဲ့ရ...။
ငိုဖို့မျက်ရည်တွေကျန်သေးလား လို့ မေးရင်
မရှိဘူးလို့ပဲ ဖြေလိုက်ပါ
တကယ်တော့ မျက်ရည်အပြည့်နဲ့မျက်ဝန်းတွေမှာ
ငိုစရာ ရင်ခွင်မှမရှိတာ
လူတွေသိအောင် ငိုမပြတော့တာပဲ ကောင်းမှာပါ။ပြတင်းပေါက်က ခန်းစည်းစတွေလို ငါလည်းလွင့်နေလိုက်တာ
အဝေးဆုံးလွင့်သွားချင်ပေမယ့် မျှော်လင့်ချက်ဟာကြိုးမျှင်ပါးပါးလေးနဲ့ချည်ထားတုန်းပဲ....
နှလုံးသားကို မင်းချည်တိုင်မှာ ဆွဲထားပြီး
စိတ်ကထွက်ပြေးနေတုန်းမို့
ငါဟာ တလွင့်လွင့်...။ချစ်မိသွားတယ်ဆိုတာက
မဝေးချင်ပေမယ့်လည်း နီးဖို့မဖြစ်နိုင်တာမျိုးပေါ့
ကြယ်တွေက ငေးကြည့်မှလှတာပါ ဟန်နာ
ပိုင်ဆိုင်ပြီး ပူလောင်ရတာထက်
ဝေးဝေးကပဲ အေးအေးလေး ငေးနေရတာ ပိုမကောင်းဘူးလား..။