30

45 3 0
                                    

တစ်​ခန်းရပ်
...............
ဝမ်းသာလိုက်​တာ နွဲ့ရယ်​.....

ဒီစကားကြား​တော့ သူမက ရိသဲ့သဲ့လုပ်​ပြုံးတယ်​။

"ဘာလို့ အဲ့လိုပြုံးတာလဲ ''
လို့ သူမကိုတစ်​ချက်​လှည့်​ကြည့်​ပြီးကျွန်​​တော်​​မေးတဲ့အခါ
သူမက ကျွန်​​တော့်​နှင့်​လည်းမျက်​နှာချင်းမဆိုင်​ဘဲ အ​ရှေ့ကTVဖန်​သားပြင်​ကိုလည်းကြည့်​မ​နေခဲ့ပဲ၊
"အဟက်​'' ဆိုပြီး ​လှောင်​သကဲ့သို့ရယ်​လိုက်​တယ်​။

"နင်​​ရော ဘာလို့မြန်​မာကား​တွေကြည့်​​နေတာလဲ'' တဲ့

သူမက​တော့ လက်​ထဲမှာကိုင်​ထားတဲ့ phone screenဆီက​နေအကြည့်​မခွာခဲ့ပါ၊

"နင်​လည်း ကိုရီးယားဇာတ်​လမ်းတွဲ​တွေကြိုက်​တာပဲ​လေ၊ ဘာလို့လဲ '' ဆိုတဲ့
ကျွန်​​တော့်​ရဲ့ တန်​ပြန်​အ​မေးကို သူမကဘဝင်​မကျသလိုမျိုး ​ခေါင်းခါတယ်​။

"စိတ်​မဝင်​စားတဲ့နင့်​ကို ငါကရှင်းပြ​တော့​ရောဘာထူးမှာလဲ''

စကားဆက်​​ပြောဖို့ စိတ်​မပါ​တော့ဘူးလို့ထင်​ရတဲ့ သူမဟာ ကျွန်​​တော့်​​ဘေးက​နေထထွက်​သွားခဲ့တယ်​။

"လူတစ်​ကိုယ်​ စိတ်​တစ်​မျိုး​ပေါ့ဟာ ''

မကြားတကြား ကျွန်​​တော်​တုံ့ပြန်​ဖြစ်​ခဲ့တယ်​။

အကြိုက်​မတူတဲ့ကိစ္စကကျွန်​​တော်​တို့ကြားမှာအဖုအထစ်​တစ်​ခုလိုဖြစ်​​နေခဲ့ပြီး၊ ပြသနာမဖြစ်​ချင်​တာမို့ ​ကွေ့ကွင်း​ရှောင်​ရင်းနဲ့ ကျွန်​​တော်​တို့ ပို​ဝေးသွားကြပါတယ်​။
တစ်​​ယောက်​စိတ်​ကိုတစ်​​ယောက်​ဖွင့်​မပြဖြစ်​ကြ​တော့ပဲ၊ စကား​တွေလည်းမယ်​မယ်​ရရမ​ပြောဖြစ်​ကြ​တော့ပါဘူး။
ကျွန်​​တော်​က ကျွန်​​တော်​နှစ်​သက်​တဲ့အလုပ်​​တွေထဲမှာ​ပျော်​​မွေ့​နေခဲ့ပြီး၊ သူမနဲ့အ​နေပို​ဝေးလာခဲ့တယ်​။ လူချင်းနီး​ပေမယ့်​ စိတ်​ချင်း​ဝေး​နေကြတဲ့အခါဟာလည်း ​ဝေးကြခြင်းတစ်​မျိုး။
ကိုယ်​နှစ်​သက်​တဲ့အလုပ်​​တွေကိုယ်​လုပ်​တဲ့အခါ ၊ အဲ့ဒီအရာ​တွေဟာ ကိုယ့်​ကိုသက်​​သောင့်​သက်​သာဖြစ်​​စေ​ပေမယ့်​၊
ဆိုးကျိုးအ​နေနဲ့ ကျွန်​​တော်​ဟာစိတ်​​ကျေနပ်​မှုဆိုတဲ့အထဲမှာပိတ်​မိ​နေခဲ့ပြီး၊ ကျွန်​​တော်​ချစ်​တဲ့ပတ်​ဝန်းရဲ့ ​ပျော်​ရွှင်​မှု၊ ဝမ်းနည်းမှု​တွေကိုသတိမမှုမိဘဲ ​ဝေးကွာသွား​စေတယ်​။
ကျွန်​​တော်​ သူမကိုသိပ်​ချစ်​ပါတယ်​။
ကျွန်​​တော်​ရဲ့​ပျော်​ရွှင်​မှု၊ စိတ်​​ကျေနပ်​​နေမှုဟာ သူမကိုထိခိုက်​​စေသလားလို့ ​မေးဖြစ်​လာတဲ့အခါမှာ​ရော သူမဘယ်​လိုတုန့်​ပြန်​မယ်​ဆိုတာ ကျွန်​​တော်​သိချင်​ပါတယ်​။

ကိုယ့်​ဘဝရဲ့​ပျော်​ရွှင်​မှုကို ကိုယ်​တိုင်​ဖန်​တီးယူ​နေခြင်းက
ဘေးလူ၊ ပတ်​ဝန်းကျင်​ကို ထိခိုက်​​စေသလား?

ဆွေး လွင့်​Where stories live. Discover now