အပိုင်း ၁/အပိုငျး ၁

8.7K 545 5
                                    

(Zawgyi Version)

"မမ​လေး Angelica...သတိရလာ
ပြီ မြန်​မြန်​...သမား​တော်​သွား​ခေါ်
ကြ"

ကျယ်​​လောင်​သည့်​အသံစူးစူး​တွေ
နှင့်​လှုပ်​လှုပ်​ရှားရှား အသံ​တွေ
ကြောင့်​သူမ​ ​မေ့​မြော​နေရာမှသတိလည်​လာခဲ့သည်​...။

"Angelica အဲ့ဒါဘယ်​သူ့နာမည်လဲ။"

သူမ မှတ်​မိသ​လောက်​က​တော့သူမနာမည်​က လင်းယွီ၊သာမာန်​စာကြိုးစားသည့်​မိန်းမငယ်​​လေးတစ်​​ယောက်​​လေ...။ပြီး​တော့...ကားတိုက်​တာခံလိုက်​ရရုံ​လေးပါ...ဘယ့်​နဲ့
ချက်​ချင်းကြီး နာမည်​က Angelica
ဖြစ်​သွားရတာတုံးဟ...။

ပြီး​တော့ သူမဘယ်​​ရောက်​​နေတာလဲ...။ဆေးရုံလား..?၊မဖြစ်​နိုင်​ဘူး
ဆေးရုံမှာရတတ်​တဲ့​ စိတ်​ညစ်​စရာ
ဆေးနံ့​တွေရှိမ​နေဘူး...။တစ်​ချက်
တစ်​ချက်​ ပန်းရနံ့​တောင်​သင်း​နေ​သေးတယ်​...။မဖြစ်​​သေးဘူး...
ဒီ​နေရာက...ဘာလဲဆိုတာ အတည်​ပြု ကြည့်​ရမယ်​...။

သူမရဲ့မျက်​လုံး​တွေကိုအားယူပြီး
ဖွင့်​ကြည့်​လိုက်​ချိန်​မှာ ခမ်းနားသည့်
မျက်​နှာကြက်​ ကိုစပြီး​တွေ့လိုက်​ရ​တော့တယ်​...။ဘေးပတ်​လည်​ကိုကြည့်​လိုက်​မိ​တော့ အ​စေခံမိန်းမပျို​တွေက
ကိုယ်​ဆီအလုပ်​ ရှုပ်​​နေကြပြီး
သူတို့ဘာလုပ်​​နေကြတာလဲ...ဆိုတာ သူမနားမလည်​နိုင်​​တော့ဘူး။

သူမနားမလည်​တဲ့အချိန်​အ​တောအတွင်းမှာပဲ မှတ်​ဥာဏ်​လိုလို၊ပုံရိပ်​လိုလို အရာ​တွေကသူမရဲ့​ခေါင်းထဲမှာ​ပေါ်​လာ​တော့သည်​။သူမသိလိုက်​ရတာက သူမအခြားသူတစ်​ဦး
၏ခန္ဓာကိုယ်​ထဲ​ရောက်​​နေသည်
ဆိုတာပဲ...ဖြစ်​​လေသည်​...။

Angelicaဆိုတာကသူမ လက်​ရှိ
ရောက်​​နေသည့်​ခန္ဓာကိုယ်​ပိုင်​ရှင်​ဖြစ်​ပြီး နာမည်​အရင်းက​တော့
Angelica Carl...။သူမရဲ့
ဖခင်​က Jame Carl အမည်​ရ
စစ်​သူကြီးဖြစ်​ပြီး သူမရဲ့ မိခင်​က Isabella Carl လို့​ခေါ်သည့်​မြင့်​မြတ်​သည့်​ အမျိုးသမီးတစ်​ဦးဖြစ်​​လေ
သည်​။သူမ​ရောက်​ရှိ​နေသည့်​ကမ္ဘာ
ကဝတ္ထုတစ်​ပုဒ်​ဖြစ်​ပြီး သူမ သ​ဘောကျတဲ့ဝတ္ထု ဖြစ်​တဲ့ "အိမ်​​ရှေစံမင်းသားရဲ့ချစ်​ဇနီး​လေး" အမည်​ရတဲ့ဝတ္ထု ဖြစ်​​နေခဲ့တယ်​။

ငါ ဇာတ်​လိုက်​ရဲ့အချစ်​ကိုမလိုချင်​ဘူး(OC)Zawgyi+UnicodeOù les histoires vivent. Découvrez maintenant