အပိုင်း ၈

3.9K 257 10
                                        


သူမရဲ့အခန်းတံခါးမှတစ်ဆင့် လျှောက်လာလိုက်တာ နောက်ဆုံးစံအိမ်ရဲ့တံခါးပေါက်ရောက်တော့မှ သူမ ခဏရပ်လိုက်သည်။

"မမလေးဘာဖြစ်လို့လဲ"

Angelicaဟာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေပြန်သည်။

"အိုး..."Lilyကတော့ သူမရဲ့မမလေးဟာ မင်းသားကိုတွေ့ရမှာ ရှက်နေတာကြောင့်လို့ သတ်မှတ်လိုက်တော့တယ်။

အမှန်တော့ Angelicaဟာ ဇာတ်လိုက်နဲ့တွေ့ရမှာကို အနည်းငယ်စိုးရိမ်နေတာပါ။သူမက အနာဂါတ်မှာ ဘာဆက်ဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်တော့သလို သူမသိထားသည်များကလည်း ဆုံးခန်းတိုင်နှင့်ချေပြီ။အကောင်းဆုံးရှင်သန်ဖို့ဆုံးဖြတ်ထားပေမဲ့ သူမအနည်းငယ်တော့ ကြောက်နေမိသား....။

'မတတ်နိုင်ဘူး....ဖြစ်ချင်ရာဖြစ်ပါစေတော့'

စံအိမ်ရဲ့တံခါးချပ်တို့ တွန်းဖွင့်ခံလိုက်ရချိန်မှာ တော်ဝင်တံဆိပ်တပ်ထားတဲ့ ရထားလုံးကြီးတစ်စီးနှင့် အစေခံတစ်ယောက်ကို သူမတို့စံအိမ်လှေကားအဆုံးမှာ တွေ့လိုက်ရသည်။

သူမ လှေကားကနေ ဆင်းလာတာကိုမြင်တဲ့အစေခံဟာ သူမရဲ့အနားကိုမြန်မြန်ဆန်ဆန်ရောက်လာလေပြီး သူမကိုအရိုအသေပေးကာ....

"သခင်မလေး...အရှင့်သားက ရထားလုံးထဲမှာ စောင့်နေပါတယ် ခင်ဗျာ"

ထို့နောက် ထိုအစေခံဟာ သူမအားရထားလုံးအပေါ်တက်ဖို့ရာ ကူညီပေးလေသည်။သူမ ရထားပေါ်ရောက်တာနဲ့ ဇာတ်လိုက်နဲ့မျက်နှာခြင်းဆိုင်ဘက်ကခုံမှာ ဝင်ထိုင်လိုက်သည်။

သို့ပေမဲ့ Richardဟာ သူမကိုလှည်ကြည့်ရုံသာကြည့်ပြီးနောက် မူလကအတိုင်း ပြတင်းပေါက်ကိုဆက်ငေးနေလေသည်။

'ချေလိုက်တာ ရှန်.....'သူမရဲ့ စိတ်ထဲမှာတော့ ဇာတ်လိုက်ရဲ့ချေနိုင်ပုံကိုချီးကျူးနေမိတော့သည်။

သူမရောက်ပြီးမကြာခင်မှာ ရထားလုံးဟာ သူမတို့ရဲ့စံအိမ်မှ ထွက်ခွာလာတော့သည်။

××××××××××××××
Edwardsအိမ်တော်၌ များစွာသော ရထားလုံးတွေ၊ဧည့်သည်တွေ နှင့်စည်ကားနေပေသည်။သူမတို့ရဲ့ရထားလုံးသည်လည်း ရောက်ရှိလာပေပြီ။

"အရှင်မင်းသား....ရောက်ရှိပါပြီ"ရထားမောင်းရဲ့အသိပေးသံဟာထွက်ပေါ်လာပေသည်။

ခုဏကအထိ ချေမိုးနေသည့် ဇာတ်လိုက်ဟာ သူ့ရဲ့စည်းနှောင်ထားခြင်းမရှိတဲ့ ငွေရောင်ဆံနွယ်ရှည်တွေကိုထိုးဖွရင်း ရထားလုံးအပြင်သို့ ထွက်သွားလေသည်။

ဇာတ်လိုက်ထွက်သွားပြီးနောက် လှေကားမှဆင်းဖို့ရာ သူမရဲ့ခြေထောက်လှမ်းလိုက်ချိန်မှာ သူမရဲ့ဂါဝန်စ အားနင်းမိကာ ပြုတ်ကျပေတော့မည်။

'လှလှပပဝတ်စားပြီးကာမှ ဒီအမကြီးက လူပုံလယ်မှာသောက်ရှက်ကွဲတော့မယ်ဟေ....'

တစ်ကယ်ဆို သူမအခုလောက်ဆို မြေပြင်နဲ့နဖူး မိတ်ဆက်သင့်နေပင်မဲ့ သူမတွေးထင်နေသလိုမဖြစ်ခဲ့ဘူး။ဇာတ်လိုက်ဟာ သူမရဲ့ခါးကိုဆွဲထားနှင့်ခဲ့ပြီဖြစ်လေသည်။

'တော်သေးတာပေါ့....ခွေးကျကျတော့မလို့....'သူမ အဆင်ပြေသွားတာကိုသိတဲ့ဇာတ်လိုက်ဟာသူမရဲ့ခါးကိုလွတ်လိုက်လေသည်။

ထို့နောက် သူမရဲ့လက်အား သူ့ရဲ့လက်မောင်းမှာချိတ်စေလိုက်တာကြောင့် သူမကြောင်အသွားသည်။သိပ်မကြာခင်မှာတော့ သူမဟာ တံခါးနောက်ကွယ်မှာစောင့်နေမည့် လူတွေကြောင့်ဆိုတာနားလည်သွားတော့လေသည်။

တံခါးမှာစောင့်ကြိုနေသည့်ဧည့်ကြိုနှစ်ယောက်ဟာ သူမတို့ရောက်ရှိကြောင်းကြေညာလိုက်ချိန်မှာ ခန်းမထဲကလူတွေရဲ့အကြည့်ဟာသူမတို့ဆီနှစ်ယောက်ထံ စုပြုံလာကြလေသည်။
×××××××××
ကာသွားလို့ sorryပါ ရှန်😁

Second ficလေးလည်းအားပေးကြပါဦးရှန်😤ဖတ်တဲ့သူသိပ်နည်းလို့ပါ😓
Second ficက ကိုယ်တွေအားခဲပြီးရေးထားတဲ့ficလေးပါ😬
ကျေးဇူးပြုပြီးဖတ်ပေးပါဦး👽

ကျေးဇူးပါရှင့်😁

Love Ya.....😘

ငါ ဇာတ်​လိုက်​ရဲ့အချစ်​ကိုမလိုချင်​ဘူး(OC)Zawgyi+UnicodeМесто, где живут истории. Откройте их для себя