အပိုင်း ၇

3.9K 213 5
                                        

နွေးထွေးသည့်နေ၏အလင်းရောင်ဟာ သူမရဲ့မျက်နှာပေါ် ဖြာကြနေသည်လိုခံစားလိုက်ရသည်။

ထို့ကြောင့် သူမရဲ့ နူးညံ့လှပသည့်မျက်နှာကို အလိုမကျမှုတို့ဖြင့်ရှုံ့မဲ့လိုက်ပြီးနောက်သူမရဲ့မျက်ဝန်းတစ်စုံဟာ ဖြေးညင်းစွာ ပွင့်လာတော့သည်။

"မနက် ရောက်ပြီလား"သူမတိုးညင်းစွာ ရေရွတ်လိုက်သည်။

ပြတင်းပေါက်ကနေဝင်လာသည့်နေရောင်ခြည်ကို သူမ၏လက်နှင့်ကာလိုက်သည်။သေးသွယ်သည့်လက်တစ်စုံဟာ
နေရောင်ခြည်တွေကို ဖုံးကွယ်ဖို့ရာမတတ်နိုင်ခဲ့ချေ...။

"မမလေး....နိုးပါပြီလား"

Lilyဟာ ဒီလိုပုံမှန်မနက်ခင်းတိုင်း သူမအားလာနိုးတတ်ပေသည်။

"နိုးပြီ...."သူမ ပျင်းရိစွာ အကြောဆန့်ရင်းပြောလိုက်သည်။

Lilyဟာ အခန်းတံခါးကိုအသာပိတ်ပြီးသူမဆီ ဖြည်းညင်းစွာလျှောက်လာသည်။

"မမလေး....ဒီမနက်ပဲ Silver Moonကဝတ်စုံလာပို့သွားပါတယ်"

"ဝတ်စုံလာပို့တယ်?...."

"မမလေးမေ့နေတာလား.....ဒီနေ့ကMiss Mariaရဲ့မွေးနေ့ရှိတယ်လေ"

'ငါတစ်ကယ်ကြီးမေ့နေတာပဲ.....ဝတ်စုံဝယ်ပြီး တစ်ပတ်တောင်ကြာနေပြီဆိုတော့လေ.....'

သူမတွေးနေသည့်အချိန်မှာပင်
....အစေခံတစ်စုက လှပသည့် ဝတ်စုံတစ်ထည်နှင့်အတူ ရတနာသေတ္တာကိုယ်ဆီဖြင့် ဝင်လာနှင့်ချေပြီ။

"မမလေး....အခုကတည်းကကြိုပြီးပြင်ဆင်ရပါမယ်..ဒါမှညနေပွဲတက်ဖို့မှီမှာမလို့ပါ"

"ကောင်းပြီလေ...."သူမရဲ့ပျင်းရိစွာပြောလိုက်ပြီးနောက် အစေခံတွေဟာသူမတို့ရဲ့တာဝန်ကို စတင်လိုက်တော့သည်။

အစေခံတစ်စုဟာ သူမအားသန့်ရှင်းရေးလုပ်ဆောင်ပေးပြီးတာနဲ့ မျက်နှာပေါင်းတင်ခြင်း စသည့်ကိစ္စအဝဝကို တစ်ပြိုင်နက်တည်း တာဝန်ကိုယ်စီခွဲကာ လုပ်ဆောင်နေကြသည်။

သူမတို့၏ကိစ္စအဝဝပြီးဆုံးသွားချိန်တွင် ညနေခင်းအချိန်အခါကိုပင်ရောက်နေချေပြီ။

ပေါင်းတင်ထားသည့်ရလဒ်ကြောင့်သူမရဲ့အသားအရေကသာမာန်ထက် ပိုကြည်လင်လာပြီး နူးညံ့နေလေသည်။'တစ်ကယ်ကို....မမလေးဖြစ်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပဲ.....'

တစ်ဖန် အစေခံတွေတစ်ချို့က သူမကိုဝတ်စုံဝတ်ဖို့ရာ ကူညီနေကြပြီး ကျန်လူတွေကတော့ သူမရဲ့ဆံနွယ်တွေလှပစွာထုံးဖွဲ့ပေးနေကြတယ်။အားလုံးပြီးစီးသွားချိန်မှာတော့ သူမဟာ ကျက်သရေရှိသည့် မိန်းမလှလေးအသွင်ကူးပြောင်းသွားသည်။

'လှလိုက်တာ....'မှန်ရှေ့မှသူမ၏ပုံရိပ်အားကြည့်ကာ ရေရွတ်လိုက်သည်။

အညိုရောင်၊အသားရောင်၊ပန်းနုရောင် သုံးမျိုးရောစပ်ချုပ်လုပ်ထားသည့်ဝတ်စုံကလည်း သူမနဲ့အရမ်းကိုလိုက်ဖက်နေလေတယ်။

"သခင်မလေး....အရှင်မင်းသားစောင့်နေပါတယ်"Lilyဟာသူမရဲ့မမလေးအတွက်ပျော်ရွှင်စွာ အသိပေးလိုက်သည်။

"မင်းသား....အိမ်ရှေ့စံလား!"

"ဟုတ်ပါတယ်...မမလေး"

'ငင့်......သူ ဘာလာလုပ်တာပါလိမ့်'သူမအနည်းငယ်စဉ်းစားကြည့်လိုက်တယ်။

'ဟုတ်သားပဲ....ဇာတ်လိုက်မကို ပွဲတက်ဖို့လာခေါ်တဲ့အခန်းပဲ....ငါမသေခင်နောက်ဆုံးဖတ်ခဲ့တဲ့အခန်းပဲဟ....'ပြောရင်း သူမနဖူးကိုရိုက်လိုက်မိသည်။

"မမလေး...ဘာဖြစ်လို့လဲ"

သူမရုတ်တရက် နဖူးကိုရိုက်လိုက်တာကြောင့် Lilyဟာစိတ်ပူစွာနဲ့မေးလာသည်။

"ဘာမှမဖြစ်ဘူး....ရတယ်"သူမပြောရင်းလက်ခါလိုက်သည်။

'အခု ကြင်ယာတော်က ငါဖြစ်သွားပြီဆိုတော့ ငါ့ကိုလာခေါ်တာပေါ့လေ....ဟူး💨'
သူမ သက်ပြင်းချလိုက်ပြီးနောက် သူမကိုယ်သူမတည်ငြိမ်အောင်အရင်လုပ်လိုက်တယ်။

"သွားကြစို့..."

××××××××××

Angelicaရဲ့ဝတ်စုံပုံစံပါ

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

Angelicaရဲ့ဝတ်စုံပုံစံပါ...🌟

ငါ ဇာတ်​လိုက်​ရဲ့အချစ်​ကိုမလိုချင်​ဘူး(OC)Zawgyi+UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ