အပိုင်း ၂/အပိုငျး ၂

5.7K 544 8
                                    

(Zawgyi Version)

သူမ​ပြန်​နိုးထလာချိန်​တွင်
သူမ ဒီဝတ္ထု ကမ္ဘာမှာပဲရှိ​နေ​သေးသည်​ဆိုတာကိုသိလိုက်​ရတယ်​။

"ကြည့်​ရတာ.....ဒါက အိမ်​မက်​မဟုတ်​ဘူးပဲ၊ငါ တစ်​ကယ်​ကြီးပြန်​သွားလို့မရ​တော့ဘူး​ပေါ့"​ပြောပြီးပြီးချင်း
သက်​ပြင်းချလိုက်​မိသည်​။နောက်
သူမလှဲ​နေရာမှထပြီးမှန်​တင်​ခုံရှိရာကို​လျှောက်​သွားလိုက်​သည်​။

မှန်​ထဲက မိန်းမပျို​လေးမှာ အသက်​၁၈နှစ်​ခန့်​ မိန်းမလှ​လေးဖြစ်​သည်​။ချော​မွေ့​နေ​သောပုလဲ​ရောင်​အသားအ​ရေ၊သဘာဝအတိုင်းနုနယ်​လှပ​နေသည့်​မျက်​နှာနှင့်​အတူ အချိုးအစားကျသည့်​ခန္ဓာကိုယ်​သွယ်​သွယ်​​လေးကိုလည်းပိုင်​ဆိုင်​ထား​သေးသည်​...။

'လှရက်​လိုက်​တာ....'

ဒေါက်​...​ဒေါက်​.....
အသံအဆုံးတွင်​ မိန်းမပျို​လေးတစ်​​ယောက်​ဝင်​လာသည်​။

"မမ​လေး....မမ​လေးကိုသခင်​ကြီးက​ခေါ်ခိုင်းလိုက်​တယ်​"

"ငါလာခဲ့မယ်​...ပြီး​တော့lilyကို
ငါ့အခန်းထဲလွတ်​လိုက်​"

"ဟုတ်​ကဲ့၊မမ​လေး"

အရင်​ပိုင်​ရှင်​မှတ်​ဥာဏ်​အရ Lilyဆိုတဲ့
အ​စေခံမ​လေးက သူမရဲ့ကိုယ်​ပိုင်​အ​စေခံဖြစ်​ပြီး ငယ်​စဉ်​ကထဲကအတူတူ
ဆော့ကစားရင်း ခင်​မင်​ခဲ့သူဖြစ်​သည်​။
သူမရဲ့လူယုံတစ်​​ယောက်​ဆိုလည်းမမှား​ပေ....။

ရုတ်​တရက်​ တံခါးပွင့်​လာ​တာ​ကြောင့်
Lily​ရောက်​ပြီဆိုတာသိလိုက်​တယ်​။

"Lily၊ငါ့ကိုဝတ်​စုံဝတ်​​ဖို့ကူညီ​ပေး...."

"ဟုတ်​ကဲ့၊မမ​လေး"

သူမက​ခေတ်​သစ်​ကလာတာ​ကြောင့်
ကိုယ်​ဟာကိုဝတ်​တတ်​​ပေမဲ့
ရှေး​ခေတ်​ဝတ်​စုံ​တွေဟာ အထပ်​ထပ်​ဝတ်​ရတဲ့ဂါဝန်​​တွေ​ကြောင့်
အ​စေခံ​တွေရဲ့အကူအညီယူရသည်​။
သူမအ​တွေးဝင်​​နေသည့်​အချိန်​အတွင်းတွင်​Lilyရဲ့မြန်​ဆန်​သည့်​ပြင်​ဆင်​​ပေးမှု​ကြောင့်​သူမဟာအထက်​တန်းကျကျ
လှပသည့်​ မိန်းမပျို​​လေးအဖြစ်​​ပြောင်းလဲသွားသည်​...။

ငါ ဇာတ်​လိုက်​ရဲ့အချစ်​ကိုမလိုချင်​ဘူး(OC)Zawgyi+UnicodeKde žijí příběhy. Začni objevovat