အပိုင်း ၃/အပိုငျး ၃

5.5K 564 12
                                        

(Zawgyi Version)

"မမ​လေး....မြန်​မြန်​​လျှောက်​ပါလား
တော်​ကြာ သခင်​ကြီးဆူ​နေဦးမယ်​"

Lily​ပြောစရာဖြစ်​​လောက်​သည်​အထိ
သူမလိပ်​တစ်​​ကောင်​သွားသည့်​နှုန်းဖြင့်
လျှောက်​​နေခြင်းဖြစ်​သည်​။ထို့​နောက်​သူမ၏အ​ဖေရှိရာခန်းမသို့​ရောက်​ရှိသွားသည်​။သူမအခန်းထဲ​ရောက်​​ရောက်​ချင်းပင်​စကားဆိုလိုက်​သည်​။

"​နောက်​ကျတဲ့အတွက်​​တောင်းပန်​ပါတယ်​"

"ရတယ်​ကိစ္စမရှိဘူး"ရုတ်​တရက်
သူမအ​ဖေအသံမဟုတ်​သည့်
ယောက်ျား​လေးတစ်​​ယောက်​၏
သြရှရှအသံတစ်​ခုကြားလိုက်​ရတာ​ကြောင့်​ သူမ​မော့ကြည့်​လိုက်​မိသည်​။

ငွေ​ရောင်​ဆံနွယ်​ရှည်​၊အပြာ​ရောင်​မျက်​ဝန်းနှင့်​ခန့်​ညားသည့်​လူတစ်​​ယောက်
ကသူမ၏အ​ဖေစစ်​သူကြီးအ
နားတွင်​ထိုင်​​နေသည်​။ကိုယ်​ရံ​တော်​ဖြစ်​ဟန်​လူနှစ်​​ယောက်​ကလည်းသူတို့၏သခင်​​နောက်​တွင်​အသီးသီးရပ်​​နေကြသည်​။

'သူသာ ရင်​ဘက်​မပြားချပ်​​နေရင်
ယောက်ျား​လေးဝတ်​စုံဝတ်​ထားတဲ့
လှပတဲ့မိန်းမပျို​လေးလို့ထင်​မိမှာပဲ'သူမ၏အ​တွေးများအားကြားလျှင်​ထိုလူ ​သေချာ​ပေါက်​​သွေးအန်​​ပေမည်​။

သူမ​တွေးလက်​စတို့ကို ခဏ​မေ့လိုက်​ကာ"အ​ဖေ၊သမီးကိုဘာလို့​ခေါ်လိုက်​တာလဲ"

"မင်းရဲ့ညီမငယ်​ကိုလည်း​စောင့်​လိုက်​ဦး....သူလာမှတစ်​ခါထဲ​ပြောမယ်​"

"ဟုတ်​ကဲ့"သူမ​ပြောပြီးပြီးခြင်းထိုင်​ခုံ
တွင်​ငြိမ်​သက်​စွာထိုင်​​နေလိုက်​သည်​။

သူမတို့သိပ်​မ​စောင့်​လိုက်​ရပါ....
ခဏ​လေးအတွင်း ​ချွေးအနည်းငယ်
စိုစွတ်​လျက်​ဖြင့်​Fiona​ရောက်​ရှိလာသည်​။
သူမ၏အသက်​ရှူနှုန်းကသာမာန်​ထက်
ပိုမြန်​​​နေတာ​ကြောင့်​ တစ်​​နေရာရာက
ပြေးလာတာမှန်း သိသာလှသည်​။

Fiona Carlဟာနာမည်​နှင့်​လိုက်​ဖက်​စွာပန်းပွင့်​တစ်​ပွင့်​လိုလှပသူဖြစ်​သည်​။
သူမ၏အနီ​ရောင်​ဆံနွယ်​နှင့်​ဆန့်​ကျင်​စွာ ​တောက်​ပသည့်
အဝါ​ရောင်​ဆံနွယ်​နှင့််​အစိမ်း​ရောင်
လင်းလက်​​နေသည့်​မျက်​ဝန်းကြီးကြီးတစ်​စုံကိုပိုင်​ဆိုင်​ထား​လေသည့်​ မိန်းမ​ချောမိန်းမလှ​လေးတစ်​ဦးဖြစ်​သည်​။

ငါ ဇာတ်​လိုက်​ရဲ့အချစ်​ကိုမလိုချင်​ဘူး(OC)Zawgyi+UnicodeWhere stories live. Discover now