(Zawgyi version)
Rose Medleyက မြို့စားMedley
ရဲ့သမီးငယ်လေးဖြစ်ပြီး Tracy Allanက ဘဏ္ဍာရေးဝန်ကြီးAllanရဲ့သမီးဖြစ်သည်။
Rose နှင့်Tracyတို့ဟာ Angelicaလောက် အရေးမပါခဲ့တာကြောင့် ဝတ္ထုထဲမှာ တစ်ခန်း၊နှစ်ခန်းမျှသာပါဝင်ခဲ့ရပြီး အမေ့လျော့ခံလိုက်ရတဲ့ဇာတ်ကောင်တွေဖြစ်ကြတယ်။
Angelicaဟာ Roseနှင့်Tracyတို့နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ကိုတော့ ဝတ္ထုထဲတွင်ဖော်ပြထားလေသည်။
သူမရဲ့အရင်ဘဝမှာတုန်းက
သူမဟာမိဘမဲ့ဖြစ်တာကြောင့်
လှောင်ပြောင်သရော်မည့်သူများ
အနိုင်ကျင့်မဲ့လူတွေသာ သူမရဲ့အနားမှာရှိခဲ့သည်။စိတ်ပူပေးကြင်နာပေးမည့်သူငယ်ချင်းမရှိခဲ့ပေ။
ထိုသူတွေနဲ့ ခြားနားစွာRoseနဲ့Tracyကပုံစံပင်မတူပါပေ။Roseက အရှက်အကြောက်ကြီးပြီးTracyက တိတ်ဆိတ်ကာမာနကြီးသရောင်ထင်ရသည်။Roseသည် ချစ်ဖို့ကောင်းပြီး Tracyဟာ အေးချမ်းသည့်အလှပိုင်ရှင်ဖြစ်ပေသည်။ဒါပေမဲ့သူမတို့နှစ်ယောက်မှာတုညီတာဟာ ရိုးသားပြီးခင်မင်တတ်သည်ပင်....။
ဒါတွေကြောင့်ပဲ သူမတို့ရင်းနှီးဖို့ရာ သိပ်မကြာလိုက်ရပေ.....။'အရင်ကမ္ဘာမှာ ငါရှာမတွေ့ခဲ့တဲ့ခင်မင်မှုမျိုးပေါ့'
ဒီလိုသူငယ်ချင်းတွေရှိတာကြောင့် သူမသိပ်ကို ပျော်ရွှင်နေမိတယ်။ဒီဝတ္ထုကမ္ဘာထဲမှာနိုးထခွင့်ပေးခဲ့တဲ့ ဘယ်သူမှန်းမသိတဲ့လူကို ကျေးဇူးတင်သင့်လား.....ဖင်ယားပြီးလမ်းထွက်လျောက်ခဲ့တဲ့ကိုယ့်ကို ကိုပဲကျေးဇူးတင်ရမလားမသိတော့ချေ....။
အခုကစပြီး သူမဆုံးဖြတ်လိုက်ပြီ သူမရဲ့အနာဂါတ်က ဘယ်လိုပဲဖြစ်နေပါစေ သူမကောင်းကောင်းရှင်သန်နိုင်ရမယ်ဆိုတာပဲ....။
"Angelica..."
"ဟင်...ဘာပြောမလို့လဲTracy"
"နင် သတိများမေ့သွားတာလားလို့ပါ...."
ВЫ ЧИТАЕТЕ
ငါ ဇာတ်လိုက်ရဲ့အချစ်ကိုမလိုချင်ဘူး(OC)Zawgyi+Unicode
Любовные романыလင်းယွီက သာမန်စာကြိုးစားသည့်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချစ်ဝတ္ထုတွေဖတ်ရတာနှစ်သက်သူဖြစ်သည်...။သို့သော်..ကံမကောင်းစွာနှင့် ကားတိုက်ခံရကာ သေဆုံးသွားရသည်...။တစ်ဖန်...သူမ ပြန်နိုးထလာချိန်တွင်တော့...သူမဟာ ဝတ္ထုထဲရောက်နေ...
