(Zawgyi Version)
သူမမငြင်းလိုက်ခင် ဇာတ်လိုက်ဖြစ်သူ
Fionaကစတင်ငြင်းဆန်တော့သည်။"သမီးလက်မခံနိုင်ဘူး...သမီးက
သမီးချစ်တဲ့သူကိုပဲယူမယ်လို့ဆုံးဖြတ်ထားတယ်။မင်းသားတစ်ယောက်ကို
လက်ဆက်ရဖို့သမီးကအသက်မပြည့်သေးပါဘူးဖြစ်နိုင်မယ်ဆိုမမနဲ့ပဲလက်ဆက်သင့်တယ်...မမကအခုဆို၁၈နှစ်ပြည့်သွားပြီ"သူမကဒေါသတစ်ကြီးကိုပြောဆိုလိုက်သည်။"Fiona...အိမ်ရှေ့စံကိုမလေးစားရာရောက်တယ်....ယဉ်ယဉ်ကျေးကျေးပြောစမ်း"စစ်သူကြီးမှာမနေနိုင်ပဲသူမ၏သမီးငယ်အား အော်လိုက်သည်။
အလိုလိုက်ခံရသည့်သမီးလေးတစ်ယောက်ဖြစ်တာကြောင့်အဆူခံလိုက်ချိန်မှာအနည်းငယ်ငိုမဲ့မဲ့ဖြစ်သွားသည်။
'ကောင်းတယ်၊သူလင်မလိုချင်တာနဲ့ပဲငါ့ကိုထိုးကျွေးဖို့ကြိုးစားတဲ့ဟာမလေး...နည်းသေးတယ်'သူမ၏အတွေး
များနှင့်ဆန့်ကျင်စွာ သူမကတော့ပုံမှန်အတိုင်း တိတ်ဆိတ်နေလိုက်သည်။"မင်းရော ဒီမင်းသား
ကိုလက်ထပ်ဖို့ဆန္ဒရှိလား၊Angelica"အိမ်ရှေ့စံ၏ ရုတ်တရက်မေးလိုက်သည့်အသံတွင်
အေးစက်မှုအနည်းငယ်ပါဝင်လို့နေသည်။'အရှင့်ကိုလက်မထပ်နိုင်ဘူးလို့
ပြတ်ပြတ်သားသား ငြင်းလိုက်ရမလား....မဟုတ်သေးဘူး
တော်ကြာသူ့ကိုငြင်းလို့ဆိုပြီး
တစ်ခုခုလုပ်လိုက်ရင်ရော....
'သူမအရမ်းကိုစဉ်းစားရခက်နေမိသည်။သူမသာအနည်းငယ် စကားပြောချော်
သွားရင် သူမအငြိုးထားခံရမလား...
သူမ အနည်းငယ်စဉ်းစားကာ
အိမ်ရှေ့စံအားပြောလိုက်သည်...။"ကျွန်မလည်းညီမငယ်လိုပဲ ကျွန်မ
ချစ်တဲ့သူကိုပဲလက်ဆက်ချင်တယ်....
အရှင်နဲ့ကျွန်မတို့ကအခုမှတွေ့ဖူးတဲ့
လူတွေဆိုတော့ ရင်းနှီးမှုလည်း
မရှိသလို၊ခင်မင်မှုလည်းမရှိတဲ့အတွက်
အရှင်သေချာစဉ်းစားသင့်ပါတယ်
သဘောကျတဲ့သူကိုသာ
ရွေးချယ်ပါ....အရှင်"
သူမပြောပြီးပြီးချင်း သူ့အားကြည့်
လိုက်ကာ သူပြန်ပြောလာမည့်စကားကိုနားစွင့်နေလိုက်သည်။
![](https://img.wattpad.com/cover/192845344-288-k644911.jpg)
BINABASA MO ANG
ငါ ဇာတ်လိုက်ရဲ့အချစ်ကိုမလိုချင်ဘူး(OC)Zawgyi+Unicode
Romanceလင်းယွီက သာမန်စာကြိုးစားသည့်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချစ်ဝတ္ထုတွေဖတ်ရတာနှစ်သက်သူဖြစ်သည်...။သို့သော်..ကံမကောင်းစွာနှင့် ကားတိုက်ခံရကာ သေဆုံးသွားရသည်...။တစ်ဖန်...သူမ ပြန်နိုးထလာချိန်တွင်တော့...သူမဟာ ဝတ္ထုထဲရောက်နေ...