လှပသောနေ့ရက်များဆီ(၂)

1K 95 2
                                    

"Gun Atthaphan!!!!!!"

အိစ်!!!မေမေ!!!ငါတော့သေပီ!!!

"လာစမ်း ငါ့သားလို့ ပြောရမှာတောင်ရှက်နေပီဟဲ့ လာ"

နားရွက်ကိုဆွဲခေါ်သွားပီး ဆိုင်ပြင်ရောက်တာနဲ့ အသင့်စောင့်နေတဲ့ကားပေါ်တွန်းတင်ကာ မေမေကပါနောက်ခန်းထဲ ဝင်ထိုင်လေသည်။

ပြောပီးတာနဲ့ph ကိုပိုက်ဆံအိတ်ကြီးထဲ ပစ်ထည့်လိုက်ကာ ရုပ်ကြီးကိုတည်တင်းနေလေတော့သည်။

မေမေခုလိုဖြစ်နေတဲ့ စိတ်အခြေအနေအရတော့ ကျွန်တော်အိမ်ရောက်ရင် ဖေဖေလည်းကယ်နိုင်မယ်မထင်၊ မုန့်ဖိုးဘယ်နှစ်လစာဖျက်ခံရမလဲမသိ။

ဒုန်းးးးးးးး!!

ကားတစ်စီးလုံးတုန်ခါသွားတဲ့ထိ တံခါးကိုပိတ်ကာ အိမ်ထဲကို မေမေဝင်သွားတော့ ကျွန်တော်မှာ ကျောပိုးအိတ်ကိုဆွဲပီး နောက်ကနေအပြေးအလွှား လိုက်ရလေသည်။

"နွေနွေရေ ရေခပ်ခဲ့"

"ဟုတ်ကဲ့ ကြီးမေ"

အိမ်အကူကောင်မလေးလာတိုက်တဲ့ ရေကိုလည်း တဂွက်ဂွက်နဲ့ကုန်အောင်သောက်လေသည်။

"ဖြန်း!!!!"

စားပွဲကိုအားကြီးနဲ့ ရိုက်ချလိုက်တာကြောင့် လူပါအသည်းပါလှပ်ကနဲ ဖြစ်သွားကာ ကိုယ်ပါတုန်သွားလေတော့သည်။

"လိပ်ပြာလေး ကလူကလူ...မေမေရယ် ဖြေးဖြေးလုပ်ပါဆို စာပွဲလေး နာသွားပီထင်တယ်"

စကျင်ကျောက်သား မျက်နှာပြင်နဲ့စားပွဲ ဖြူဖြူကို ကုန်းကြည့်ပီး လက်ကလေးနဲ့ပွတ်ကာ နာသွားလျှင် ပျောက်ပါစေဆိုတဲ့ပုံနဲ့ ပါးစပ်ကပါ ကျွတ်ကျွတ်ကျွတ်မြည်သံပေးကာ လုပ်နေလေတော့။

"Gun Atthaphan!!!!စကားလမ်းကြောင်း မလွှဲနဲ့စမ်း...ဟိုနေ့ကပဲ ကျောင်းပျက်လို့ ခေါ်စာရောက်တယ်၊ ဒီနေ့ထပ်ပျက်တယ် ပြောစမ်း ဘယ်လိုလုပ်မှ ဒီအချိုးတွေ ပြင်မှာလဲ"

"အမေကြီးရယ် ကလေးကို အကျယ်ကြီးမအော်ပါနဲ့ ကလေးလန့်ပါ့မယ်ကွာ"

"ဖေဖေ!!!"

ဖခင်ဖြစ်သူဘေးနားဝင်ထိုင်လိုက်တာနဲ့ အတင်းရင်ခွင်ထဲပြေးဝင်ကာ ဖက်ထားပီး သနားစဖွယ်ရုပ်လေးနဲ့ ငိုမဲ့မဲ့မျက်နှာလေးကြောင့် ဖခင်ဖြစ်သူမှာ မိခင်ကိုဟန့်လိုက်ပါသည်။

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Where stories live. Discover now