လှပသောနေ့ရက်များဆီ(၃)

979 89 0
                                    

အိမ်ကနေ စီးကြိုနေတဲ့အရာက ကျွန်တော်အတွက် Shock အကြီးစား။

မယ်မယ်တို့ကလည်းလုပ်ရက်ကျတယ်လို့ ခုကျမှ အပြစ်လည်းမတင်ချင်တော့ပါဘူး။

ဖြစ်ရလေတဲ့ ငါ့ဘဝလေးလို့လည်း အော်နေရအောင် ငါလေးက မိန်းကလေးလည်း မဟုတ်။

"မမရာ မလုပ်လို့မရဘူးလား"

"မမတို့ဘက်ကငြင်းလိုက်ရင် လူကြီးတွေ လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်ဖြစ်မယ် Offရယ်"

"မမရာ ဒါက မလွယ်ဘူးလေ"

"မလွယ်ဘူး လွယ်တယ်ဆိုတာ မောင်ငယ်လေးအပေါ်ပဲ မူတည်တာပါ "

"မဖြစ်နိုင်ဘူး ကျွန်တော်မှမချစ်ပဲ"

"အဲ့ဒီတော့ မမက အသက်တစ်ဝက်လောက် ကွာတဲ့ ကလေးကို ယူရမှာလား Off၊ မမရဲ့သားအရွယ် ဖြစ်နေတာရယ်၊ မမကရောဂါသည်ဖြစ်နေတာရယ်ကြောင့် မမကပဲ အားနာရပါတယ်၊ ဘာပဲ ဖြစ်ဖြစ် မမကို ဒီအပတ်နောက်ဆုံးထားပီး အဖြေပေးပါ၊ မမနားချင်ပီ"

မမကအပီးနှင်လိုက်တာမို့ အပေါ်ထပ် အခန်းရှိရာကို လေးလေးပင်ပင် တက်လာပါတော့တယ်။

အိပ်ယာပေါ်ကန့်လန့် လှဲချလိုက်ပီး သေသေချာချာ စဉ်းစားနေလိုက်သည်။

ကျွန်တော်မွေးကာစက ကျွန်တော်အဖိုးဖြစ်သူနဲ့ ငယ်သူငယ်ချင်းက သားသမီးတွေကို လက်မဆက်ပေးခဲ့ရလို့ မြေးချင်းသဘောတူတဲ့ကိစ္စ လုပ်ခဲ့တယ်။

ဒါပေမဲ့ အဲ့တုန်းက မမကလည်း(၈)နှစ်ကျော်
(၉)နှစ်ဖြစ်နေပီး ကျွန်တော်က မွေးကာစရယ် ၊ဟိုဘက်မျိုးဆက်က ဘယ်ဆီဘယ်ဝယ်မှန်းပင် မသိရသေးတဲ့ ညားကာစဇနီးမောင်နှံဆိုတော့ ဘာလေးမွေးမွေး မြေးအငယ်ဆုံးနဲ့ သဘောတူပေးစားမယ်ဆိုပီး ကတိပြုခဲ့ကျတာတဲ့ ကျွန်တော်ရဲ့ ကံကြမ္မာရေ။

အဖိုးတို့ကတိပြုခဲ့ကျပေမဲ့ မိဘတွေလက်ထပ်မှာပါ ဒီကတိကို လက်ခံထားတာမို့ ခုထိ အကျုံးဝင်ဆဲ။

ကံကပဲဆိုးလွန်းတာလား ကောင်လေးမွေးရတယ်လို့၊ မမကလဲ ကတိစာချုပ် အထိရေးခဲ့ကျတဲ့အတွက် ကျွန်တော်သာမယူရင် သူပဲယူရတော့မယ့် အနေအထား၊ ဒါပေမဲ့လည်း အသက်က သားအမိလောက်ကွာနေတဲ့အပြင် နေမကောင်းတဲ့မမကို အရမ်းပင်အားနာရပါသည်၊
ဘာများအပန်းကြီးလို့လဲ ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မချစ်သေးတာပဲဖြစ်ဖြစ် ကြာရင်အဆင်ပြေမှာပါ၊ သူနဲ့ကိုယ် အဆင်ပြေဖို့ကအဓိကပဲ ၊ယူလိုက်ရင် ဟိုဘက်မိဘတွေကိုလည်း အားနာစရာမလိုတော့သလို မယ်မယ်တို့စကား နားထောင်ရာလည်းကျမယ်၊ မမလည်းစိတ်ချမ်းသာမယ်။

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Donde viven las historias. Descúbrelo ahora