လှပသောနေ့ရက်များဆီ(၁၈)

874 70 6
                                    

"ဟဲလို သားသား ကောင်းကောင်းရောက်ရဲ့လား"

"ဟုတ် မေမေ..သား မေတို့ကို လွမ်းနေတာ ဖေရော"

"ရှိပါ့ဗျာ ခုပဲ တည်းတဲ့အိမ်ကို ရောက်ပါတယ်ဗျာ သားမေချက်ထားတာတွေ စားနေတာဗျ"

"ဖေ့ကို မနာလိုလိုက်တာ"

"ဒါများ ဖေတို့ပြန်လာတဲ့အခါ ငါ့သားစားချင်တာတွေ မေ့ကိုချက်ခိုင်း ဟုတ်ပြီလား "

"သားက မေလုပ်ကျွေးတဲ့ ပူတင်း စားချင်တာ"

"စားရမယ် စိတ်ချသားရေ"

"ဖေနဲ့မေ တာ့တာနော် သားတို့ကမ်းခြေဆင်းတော့မှာမို့ "

"အေးအေးသား ရေအကြာကြီး မစိမ်နဲ့"

"ဟုတ်...ဟုတ်!!!"

လက်ထဲကို phလေးကို ငူငူကြီးကိုင်ပြီး ကြည့်နေတုန်းမို့ ကျွန်တော်မှာ ပြာပြာသလဲလဲ ဖြစ်လျက်ပင် Gun အနား အပြေးလာရလေသည်။

ကျွန်တော်ကလေးက အိမ်ကိုလွမ်းနေတာပဲ။

"ကလေး ထိုင်မနေနဲ့တော့ ကိုကိုတို့ Lobbyမှာ ဧည့်သည်သွားကြိုရအုံးမယ်"

"အင်!!!"

ကိုကိုက ကိုယ့်ကိုယ်ကိုယ် ကိုကိုလို့ သုံးသွားတာလား၊ အီးယားးးး!!! ခဏတာကြောင်သွားပေမဲ့ လက်တလောမှာတော့ ပျားရည်တိုင်ကီကြီးလောက် မျက်နှာပေါ် လောင်းချခံထားရသလို ချိုအီနေလေသည်မို့ ကိုကို ခေါ်ရာနောက် လက်တွဲလျက်သား လိုက်ပါလာခဲ့သည်။

ဟာ...ကိုကို!!!

ကိုကို့ကို ကြည့်လိုက်တော့ သွားလေဟု အဓိပ္ပါယ်ရတဲ့ အသံတိတ် မေးဆတ်ပြမှုကြောင့် Lobbyထဲ စောင့်နေတဲ့ Yathaတို့ အုပ်စုထံ အပြေးသွားလေတော့သည်။

"Thara...Yatha ....Mia...Rose...!!!"

" ဟေးးးး"

Rathaကိုပြေးဖက်ရင်း နှစ်ဦးသားနှုတ်ဆက်ပြီးမှ Miaတို့နဲ့ လေးယောက်သား တစ်ယောက်ပုခုံး တစ်ယောက်လျိုဖက်ကာ ခုန်ပေါက်ပြီး လှည့်ကာ အော်နေတော့ အနီးနားမှ ဧည့်သည်များက သဘောတကျလှမ်းကြည့်ကြလေသည်။

"ပျော်လိုက်တာ Gunက Miaတို့လာမယ် မထင်ထားဘူး"

"အံမယ် ကိုယ့်ဘာသာ နှစ်ယောက်တည်း လာပြီး ပျော်ရင်ပျော်တယ်ပေါ့ ဟွန်း"

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Where stories live. Discover now