လှပသောနေ့ရက်များဆီ(၆)

1K 91 6
                                    

"သားရေ Gun...Gun"

"လာပီမေမေရေ"

အပေါ်ထပ်ကပြေးလွှားကာ ဆင်းချလာလေတဲ့ သားတော်မောင်ကတော့ ရှပ်အင်္ကျီအဖြူကို အပေါ်ထပ်ဝေ့စကုတ်နဲ့ စတိုင်ပန် အသားရောင်တို့
ကြောင့် ကလေးမက လူကြီးမကျ ပုံလေးဖြစ်ကာ ချစ်စဖွယ်ဖြစ်နေလေတော့သည်။

အနားရောက်လာတဲ့ သားလေးရဲ့ကုတ်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လက်နှစ်ဖက်နဲ့ ဆွဲချကာ ကြည့်နေလိုက်သည်။

သေချာကြည့်လေ ချောလေပဲမို့ သားလေးကို ချစ်မဝ ဖြစ်နေရသည်။

ကိုယ့်သားမို့ ကိုယ်ပြောတာမဟုတ် အပေါင်းသင်းတွေကြားထဲမှာလည်း အချစ်ခံလေးမို့ အိမ်မှာရော အပြင်မှာပါ အလိုလိုက်ခံလေးဖြစ်နေသည်။

"မေ့သားငယ်လေးက ချောလိုက်တာ"

"မယ် မေမေကလဲ မေမေ့သားပဲလေ ချောတာပေါ့"

"ဒီအမေနဲ့သာ ချီမွမ်းခန်းဖွင့်နေတာနဲ့ နောက်ကျတော့မယ်ဟေ့"

"လာပီ လာပီ ဖေဖေရေ"

"သခင်မကြီး ကားပေါ်တက်ပါခင်ဗျာ"

မိခင်ဖြစ်သူလက်ကိုတွဲရင်း ကားဆီလျှောက်လာတော့ ဖခင်ဖြစ်သူက ကားတံခါးကို အဆင်သင့်ဖွင့်ပေးကာ ခါးကိုကုန်းပီး အရိုအသေပြုနေလေသည်မို့ မိသားစုသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မိကျလေတော့သည်။

________Beautiful Days________

မနက်ခင်းကတည်းက စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှေ့ထွက်လိုက် အိမ်နောက်ဝင်လိုက်နဲ့ မမောမပန်းနိုင် ညွှန်ကြားနေသူက မမရယ်ပါ။

အခုလည်း လူကိုလာကြည့်ပီး တစ်ခုပီးတစ်ခုပြင်ဆင်နေတော့သည်။

"မမရာ ဒီလောက်ဆိုရပါပီ"

"ဟယ် အိမ်နေရင်းကြီးနဲ့ သားသားမျက်လုံးထဲ တစ်ခါတည်းအဆင်ပြေပီး ကြိုက်သွားအောင် ဝတ်ထားပြင်ထားမှပေါ့"

"ဒါလည်းကောင်းတယ်လေ"

ဟုတ်ပါတယ်၊ အပေါ်က Teeအပြာရောင် လက်တိုလေးကို ဂျင်းအနက်ရောင်နဲ့ တွဲဝတ်ထားပါသည်။

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Donde viven las historias. Descúbrelo ahora