လှပသောနေ့ရက်များဆီ(၁၅)

926 84 2
                                    


ခြံဝန်းကျယ်ကြီးရဲ့ အနောက်ဘက် ဥယျာဉ်ငယ်လေး၊ ယခင်Gun လေးရောက်ခဲ့တုန်းက ခြံထဲလဲ နှံ့နှံ့စပ်စပ်မလည်ဖြစ်ခဲ့တာမို့ ယနေ့မနက်ကတည်းက ခြံထဲပတ်ကြည့်ကာ ဥယျာဉ်ထဲက ခုံနေရာလေးတွေ အသေအချာ ခင်းကျင်းထားသည့် နေရာမှာ သစ်သီးပန်းကန်မောက်မောက်တစ်ပွဲရယ် အသစ်ထွက်ထားတဲ့ Manga စာအုပ်လေးရယ် တင်ထားသည်။

လူကတော့ Ph ထဲက ပြင်သစ်နိုင်ငံထုတ် Brandတစ်ခုရဲ့ catwalk လျှောက်နေတဲ့ Fashion showကို အသည်းအသန်နဲ့ စိတ်ဝင်စားစွာ ကြည့်ရှူနေလေသည်။

အင်း Gunဒါလေးကြိုက်တယ်၊ အရောင်ကအတော်မိုက်တာပဲ၊ လာမယ့်ပိတ်ရက်မှာ Koreaသွားရင် ဝတ်ရအောင် ဝယ်ရမယ်၊ ဒါလေးက Miaနဲ့ဆို လိုက်မှာ။

ကြည့်နေယုံသာမက နှုတ်ကလည်း ပလစ်ဆန်အောင် ရေရွတ်နေကာ လိုချင်တဲ့Itemကို မှတ်သားနေလေသည်။

ဒါကို ခပ်လှမ်းလှမ်း အကွယ်က ကြည့်နေတဲ့Offမှာတော့ အသည်းတစ်ယားယားနဲ့ ဖြစ်နေကာ အနားကိုလည်း သွားချင်ပေမဲ့ ဟိုနေ့ကလို လူကိုမျက်မှောင်ကျုံ့ကြည့်ကာ အခန်းဆီ လှစ်ကနဲ ပြန်ပြေးနေမည် စိုးတာကြောင့် အသာလေးကြည့်နေရသည်။

ဘဝရယ် ၊ တစ်ကယ်ကို မြတ်နိုးဖွယ်လေး ကိုယ့်အတွက် အရိပ်ကလေးဆိုတာ သိလာရမှ ကလေးက အနားပင် အကပ်မခံ၊ OFF!!!OFF!!! မင်းတော်တော် လောကြီးတဲ့ကောင်ပဲ၊ ဖြည်းဖြည်းချင်း သွားရမှာကို အဆင့်တွေကျော်ပြစ်တော့ ဟိုကဘယ်လက်ခံပါတော့မလဲ၊ မဖြစ် ကလေးသာ သူ့ကိုကြာကြာပြစ်ထားရင် ရူးခါနီးသည်အထိ ဖြစ်ရပါတော့မည်။

ကြံစမ်း အမောင် OFF...လူကြံရင် ဘာခံနိုင်မလဲ၊ လူလုပ်ရင် အကုန်ဖြစ်တယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"သခင်ငယ်လေး သခင်မလေး ခေါ်နေပါတယ်ရှင်"

"အာာာာ ဟုတ်...သားလာခဲ့ပါ့မယ်ဗျ"

စားပွဲပေါ်က ပစ္စည်းတွေကို သိမ်းကာ လာခေါ်သူနောက်လိုက်လေတော့ ရှေ့ကကျောခိုင်းနေသူရဲ့ အပြုံးပုံရိပ်ကို ကလေးကမတွေ့ရှာ။

"မမ မမ မမကြီးကအခန်းထဲမှာ စောင့်နေတာ မဟုတ်ဘူးလား"

လမ်းပြသူရဲ့ သူမရင်းနှီးတဲ့ အခန်းထောင့်ချိုးကို ကွေ့ဝင်လိုက်တော့ လှမ်းပြောမိလေသည်။

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Where stories live. Discover now