One week later!!!
"သားသားရေ ကလေးပုကျိရေ သားလေး"
"အမေကြီး ဒီတစ်ခေါက် သားက စိတ်ကောက် တယ်ကြာပါ့လား"
"အိုရှင် ဒီလောက်တော့ ကြာမှာပေါ့ အဖေကြီးကလည်း"
ယောကျာ်းဖြစ်သူကို လှည့်ကာပြောရင်း သားရဲ့အခန်းတံခါးကို ခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက် သားသား Gun Gun ဘုတ် ဘုတ်"
တံခါးခေါက်တာ မရသဖြင့် တံခါးကို ထုလိုက်သည်။အခန်းက တိတ်လို့ ဆိတ်လို့ တုံ့ပြန်သံ ကင်းနေလေသည်။
ဂလောက်!!!
တံခါးကို လှည့်ဖွင့်လေတော့ အိပ်ယာပေါ်က စောင်ပုံထဲ မြုပ်ဝင်ကာ ကွယ်ပျောက်လုမတက် ဖြစ်နေသည့် သားတော်မောင်ကို တွေ့လိုက်ရလေသည်။
သယ်လာတဲ့ Spaccati ပန်းကန်ကို စားပွဲပေါ်ချပီး အိပ်နေသူထံ သွားကာ နဖူးကို စမ်းလိုက်လေသည်။
နေကောင်းပီး နိုးနေပေမဲ့ ကောက်ကွေးနေတာကို သိသာအောင် ခေါ်မထူး အော်မထူး နှာခမ်း တစ်တောင်လောက်ထော်ပီး တစ်ဖက်လှည့်နေလေသည်။
ဘယ်လိုပဲ ကျောခိုင်းထား နောက်နားက ပျံ့လွင့်လာတဲ့ Spaccati ရဲ့မွှေးရနံ့က နှာဖျားမှာ လာ၍ ကလူနေလေသည်။
"သားသား ထ ခေါက်ဆွဲစား"
"သားက မေမေ့ကို စိတ်ကောက်မပြေသေးဘူးနော် "
ပြောပီး ကုတင်ပေါ်ကနေ စွေ့ကနဲ ကောက်ထိုင်သည်။ဖခင်ဖြစ်သူ ကမ်းပေးတဲ့ ပန်းကန်ကိုယူပီး ခက်ရင်းနဲ့ ခေါက်ဆွဲကို ကျင်လည်စွာ ဆွဲယူပီး စားလေသည်။
သားလေးကို ဘယ်လိုကြည့်ကြည့် ကြည့်မဝသလို သားလေး ဘယ်လိုဆိုးဆိုး ချစ်မဝသေးပေမဲ့ ဒီတိုင်းဆိုရင် သားလေးက နေရာတကာ ဘော်ကြော့ဖြစ်ပီး နားမလည်သူဖြစ်တော့မည်။
ဒါကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စိတ်ကောက်ပြေအောင်လုပ်ပီး သားOffလေးနဲ့ ပေးစားရမည်။
အစားသောက်ကုန်သွားတော့ အိမ်အကူကောင်မလေး လာပို့သော အအေးကို သောက်လေသည်။
ESTÁS LEYENDO
လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)
Fanfic(Zawgyi + Unicode) Completed OffGun Fanfic (21/7/2019~18/10/2019) OffGun Fanfic