လှပသောနေ့ရက်များဆီ(၁၄)

939 77 4
                                    

"Hello အားလုံးမင်္ဂလာပါဗျာ ကျွန်တော်တို့မေဂျာရဲ့ ဈေးရောင်းပွဲတော်အတွက် ရောင်းချချင်တဲ့ အမျိုးအစားတွေ အကြံပေးချက်တွေကို ရေးပြီး ဒီပုံးလေးထဲ ထည့်လို့ရပါတယ်ဗျ၊ ပြီးရင် မဲပေးစနစ်နဲ့ ရွေးချယ်ပြီးတဲ့ ပစ္စည်းအမျိုးအစားကို မေဂျာကိုယ်စားပြု ရောင်းချပေးသွားပါ့မယ်ဗျ၊ ရလာတဲ့အမြတ်ငွေတွေကိုလည်း မိဘမဲ့ဂေဟာကို လှူဒါန်းမှာဖြစ်ပြီး အဲ့သည်ကမှ ထပ်ပိုတဲ့ငွေတွေကို မေဂျာရဲ့ အားကစားပွဲတွေမှာ သုံးသွားပါ့မယ်ဗျ၊ ကျေးဇူးတင်ပါတယ်"

"ကဲ ကဲ လာထည့်ကြနော် ဒီနားမှာလာရေး ညီမ၊ အာ ကျေးဇူးတင်ပါတယ်"

Gun လေးပြောပြီးတဲ့နောက်မှာတော့ မေဂျာတူ သူငယ်ချင်းတွေက ပျော်ပျော်ပါးပါး အကြံပေးချက်တွေကိုရေးကာ ထည့်ကြလေသည်။

Yathaတို့မှာလည်း အကုန်ဝိုင်းကူကာ အလုပ်တွေရှုပ်ကုန်တော့သည်။

"ဟဲ့ ဟဲ့ စောနက ပြောသွားတဲ့ Seniorက ချစ်ဖို့ကောင်းတယ်ရော"

"ငါဖွင့်ပြောလိုက်ရမလား"

"အေး နင်လည်းဖွင့်ပြောပြီးရော နောက်နေ့ထောင်နန်းစံရော"

"ဟယ် ဘာလို့တုံး"

အထိတ်တစ်လန့် မေးရှာသော သူငယ်ချင်းမလေးကို ကြင်ကြင်နာနာဖက်လိုက်ကာ ပြောလိုက်သည်။

"မင်းသားလေးOffရဲ့ ကြင်ယာတော်လေဟာ ဟိုတစ်လောကမှ စေ့စပ်ထားတာ နင်က တခြားကလာတော့ ဘယ်သိပါ့မလဲ"

ထိုင်းကပြားမလေးမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်ကာ တအံ့တသြ။

"ငါ နောက်ကျသွားပြီပေါ့"

"ဟုတ်တာပေါ့ရှင်၊ ဒါပေမဲ့ အားမငယ်ပါနဲ့ ထိုင်းကောင်ချောလေးတွေ ငါတို့နိုင်ငံမှာ ရှိပါတယ်"

"ဟုတ်တယ် ဟုတ်တယ်"

တစ်ယောက်ကပြော တစ်ယောက်က ထောက်ခံနဲ့ ဆူညံနေတဲ့ မေဂျာပေါင်းစုံက ကောင်မလေးတွေလည်း ရှိလေရဲ့။

"Gunလေး ကျောင်းပြောင်းဖြစ်တယ်လား"

"မပြောင်းဖြစ်ဘူး Roseရ...မမကြီးကိုပြောလိုက်ပြီ Gunမပြောင်းချင်ဘူးလို့"

လှပသောနေ့ရက်များဆီ(လှပသောနေ့ရက်များဆီ)Tahanan ng mga kuwento. Tumuklas ngayon