" ရင်ငြိမ်း...ရင်ငြိမ်း "
ခေါ်သံကြောင့် လှည့်ကြည့်မိတော့ သူမရဲ့ကလေး...
အရပ်ရှည်လာတယ်ဆိုပေမဲ့ ရင်ငြိမ်းထက်ပိုပုတဲ့ထိုကောင်မလေးက မျက်လုံးထဲမှာ ကလေးလိုပင်...
ရင်ငြိမ်းပြုံးပြလိုက်ခါ
" ဈာန် ခုံစီခဲ့ပီလား "
" အွန်း...ပီးသွားပီ ရင်ငြိမ်းတို့လဲ ပီးပီမို့လား "
ရင်ငြိမ်းခေါင်းငြိမ်းပြလိုက်တော့
" မပြန်သေးဖူးမလား ဗန်ဒါပင်အောက်ခဏထိုင်ရအောင် ဈာန်ကအဆောင်ကလူတွေကိုစောင့်ရအူးမှာရယ် "
" အ့ဆိုသွားမယ်လေ "
" ဈာန် " " ရင်ငြိမ်း"
နှစ်ယောက်လုံးပြိုင်တူခေါ်မိတော့ အတူရီမိကြပြန်ရော...
" ကလေး အရင်ပြော "
" ဟမ် "
ရင်ငြိမ်းပါးစပ်မှကလေးဟုယောင်ပီးထွက်သွားမိလိုက်တော့ ဈာန်အံ့သြသွားပုံရခါ ရင်ငြိမ်းလဲ မျက်နှာပူပူနှင့်ပင်
"ဈာန် အရင်ပြောလေ ဘာပြောမလို့လဲ "
" Ah ဒီတခါကျောင်းတွင်းစာမေးပွဲပီးရင် ကျောင်းကမတက်ရတော့ဖူးလေ ရင်ငြိမ်းနဲ့ဈာန်လဲတွေ့ဖို့မလွယ်တော့ဖူး။
စာမေးပွဲ ကြီးဖြေချိန်ကျတွေ့ချင်မှတွေ့ရတော့မှာ... အ့ဒါလေ
ဟီး ခုစာမေးပွဲရက်ကျ ရင်ငြိမ်းရဲ့ဓာတ်ပုံနဲ့ ဆက်လို့ရမဲ့ph noပေးပါလား...စာမေးပွဲ ကြီးပီးသွားရင်အပြင်မှာတရက်လာက်တွေ့ကြမယ်လေနော် ပြီးတော့ ဈာန်ဆီမှာရင်ငြိမ်းပုံတပုံမှမရှိဖူးလေ အ့မို့...ပေးမယ်မလား".ရင်ငြိမ်းပြုံးလိုက်ခါ
" အင်းပါ...ရင်ငြိမ်းအ့ရက်ကျယူခဲ့မယ် စာတွေရော ရနေပီလား "
" အွန်း ...မဆိုးပါဖူး အောင်တာတော့အောင်မှာပါ... Hee"
" အောင်ရုံဖဲလား ဈာန်က Dကရော "
" အွန်န်န်န်န်န်... Dကတော့ ကြိုပြောလို့မရဖူးလေ ဘောဂနဲ့ မြန်မာတော့ ရလောက်မယ်ထင်တာဖဲ...ရင်ငြိမ်းကရော "
" ရင်ငြိမ်းလဲမဆိုးပါဖူး အကုန်လုံးတော့ "
" ရင်ငြိမ်းကတော်ပီးသားကို AllDထွက်အောင်ဖြေခဲ့ 😁
ဒါနဲ့ စောနကဘာပြောမလို့လဲ "