" အွန်း... ရင်ငြိမ်း ယူအရမ်းချစ်စရာကောင်းပါတယ်ဆိုတဲ့ ရင်ငြိမ်းဖြူအစစ်ပါရှင် "
မိနစ်ပိုင်းလောက်ကြာသည်ထိ အနှီကလေးမထံက ဘာစကားသံမှ ထွက်မလာတာကြောင့် ဖက်ထားရမှ ခွာလိုက်ကာ
" အဟမ်း မိုဈာန်မြင့်မြတ်လေး အရမ်းပျော်လို့ စကားတောင်မပြောနိုင်တော့ဘူးလား "
... ... ... ...
" နင်က အခုဘာလာလုပ်တာလဲ ရင်ငြိမ်းဖြူ "
ဈာန်အမေးကြောင့် ပြောမဲ့စကားများပင် လည်ချောင်းထဲတင်ပျောက်သွားသလို ရင်ငြိမ်းခံစားလိုက်ရသည်။
" ဈာန်ကို တွေ့ချင်လို့လာရှာတဲ့ လူကိုဘယ်လိုကြီးမေးလိုက်တာလဲ ရင်ငြိမ်းမနေ့ကမှ ဈာန်အိမ်ကိုရောက်ပီးအမနဲ့တွေ့ခဲ့တာ
ဈာန်မန်းလေးမှာရှိတာ သိသိချင်းဖဲ ပြန်လာခဲ့တာ ဈာန် "" ပြန်လာခဲ့တာ..."
" အွန်းလေ... ရင်ငြိမ်းတို့မိသားစုက မန်းလေးမှာနေတာကြာပီ ရင်ငြိမ်းက
မန်းလေးရောက်တာ သုံးနှစ်လောက်ရှိနေပီ "" သြော်... "
မထုံတက်သေး အိပ်ချင်မူးတူးနဲ့ရှေ့က ကလေးမကိုကြည့်ပီး ရင်ငြိမ်းအသည်းယားလာတာကြောင့် ပါးကိုဆွဲညစ်ခါ
" ချစ်ဖို့ကောင်းတယ် ဈာန် "
ရင်ငြိမ်းစကားကြောင့် အနှီကလေးမက မျက်လုံးပြူးနဲ့ လှမ်းကြည့်လာတော့
"ကဲ ပြူးကြည့်မနေနဲ့ ရင်ငြိမ်းဒီကထိုင်စောင့်မယ် သွားမျက်နှာသစ် မနက်စာအတူသွားစားရအောင် ရင်ငြိမ်းမေးစရာတွေရော ပြောစရာတွေရောအများကြီးရှိသေးတယ် "
" Ya အခုချက်ကြီးလား "
" Hum အင်းလေ ခုတောင်၈နာရီထိုးနေပြီ ဈာန်ကိုစောင့်မယ်လေ "
" မစားချင်ဖူး "
... ...
" မစားချင်ဘူးလို့... "
" ဟမ် ဘာကိုမစားချင်တာလဲ ကလေး ရင်ငြိမ်းနဲ့မစားချင်တာပြောတာလား"
" အား...တကယ်ပါဖဲ ရင်ငြိမ်းဖြူ
တဟမ်ဟမ်နဲ့ ငယ်ငယ်တည်းကခုထိ အ့ဒီဟမ်ဆိုတာကြီးက မပျောက်ဖူး မစားချင်တာမဟုတ်ဖူး အိပ်ချင်တာ...
အိပ်ချင်သေးတာလို့ ဈာန်ညက ဂိမ်းဆော့နေတာနဲ့အရမ်းနောက်ကျလို့ အခုထပ်အိပ်ချင်သေးတယ်
အ့တာ အတူသွားစားချင်တယ်ဆို နောက်ရက် ဒါမှမဟုတ် နေ့လည်လောက်မှ...ပြီးတော့ အ့ကလေး ကလေးနဲ့က ဘယ်နှနှစ်ကွာလို့ကလေးလို့လာခေါ်နေတာလဲ "